Showing 58 Results
Category :
News Image
19+

24

Dec

“Season of Smiles” Christmas Party

IELTS
Milestone of Excellence (Times City Campus) တွင် Milestoners များအတွက် ရည်ရွယ်ကျင်းပသော “Season of Smiles Christmas Party” ကို ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ပျော်ရွှင်စွာ ဆင်နွှဲခဲ့ပါသည်။ ပွဲတော်တွင် ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများ စုပေါင်း၍ Santa ထံပေးပို့မည့် Christmas Card လေးများ ကိုယ်တိုင်ပြုလုပ်ခြင်း၊ Fun & Interactive Games များနှင့် စိတ်လှုပ်ရှားဖွယ်ရာ Activities များကို တက်ညီလက်ညီ ပါဝင်ကစားခြင်းတို့ဖြင့် စည်ကားခဲ့ပါသည်။ Christmas အားလပ်ရက်မတိုင်မီ ကျောင်းသား/သူများအကြား ချစ်ခင်ရင်းနှီးမှု ပိုမိုတိုးပွားစေပြီး၊ ပျော်ရွှင်စရာ အမှတ်တရပုံရိပ်များစွာကို Milestone of Excellence မိသားစုနှင့်အတူ ဖန်တီးနိုင်ခဲ့သော နေ့ရက်လေးတစ်ခု ဖြစ်ခဲ့ပါသည်။ +3
News Image
19+

26

Oct

Times City Campus Grand Opening အခမ်းအနား

IELTS
Milestone of Excellence Language Academy ၏ ခြေလှမ်းသစ်တစ်ခုဖြစ်သော "Times City Campus Grand Opening" အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့တွင် Times City Commercial Building ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော Milestone of Excellence သည် (၇) နှစ်ကျော်ကာလအတွင်း ကျောင်းသား/သူပေါင်း (၅၀,၀၀၀) ကျော်ကို ပညာသင်ကြားပေးနိုင်ခဲ့ပြီး၊ IELTS Band 7 နှင့်အထက် High Achiever ပေါင်း (၆၇၀) ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ယခုဖွင့်လှစ်လိုက်သော Times City Campus အသစ်တွင်လည်း ကျောင်းသား/သူများအတွက် ပိုမိုကောင်းမွန်သော Learning Environment၊ စစ်မှန်သော Teaching Quality နှင့်အတူ "Be The Better You" ဟူသော ဆောင်ပုဒ်အတိုင်း အနာဂတ်အိပ်မက်များကို ဆက်လက်အကောင်အထည်ဖော် ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုပေးကြသော ဆရာ/ဆရာမများ၊ မိတ်ဆွေများနှင့် ကျောင်းသား/သူများအားလုံးကို Milestone of Excellence မိသားစုမှ အထူးကျေးဇူးတင်ရှိပါသည်။ +4
News Image
18+

24

Aug

Transforming English Learning Conference (TELC) နှင့် Platinum Partner မှတ်တိုင်

IELTS
မန္တလေးမြို့တွင် British Council မှ ကြီးမှူးကျင်းပသော Transforming English Learning Conference (TELC) ပွဲကြီးတွင် Milestone of Excellence Language Academy အနေဖြင့် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ မှတ်တိုင်သစ်တစ်ခုနှင့်အတူ ပါဝင်ဆင်နွှဲခဲ့ပါသည်။ အဆိုပါပွဲတွင် Founder & Academic Director ဖြစ်သူ Teacher Moe မှ Guest Speaker အဖြစ် ပါဝင်ကာ "Think it Through, Link it Well, Say it Clearly: Practical Strategies for IELTS Writing Tasks 2" ခေါင်းစဉ်ဖြင့် IELTS Writing ဆိုင်ရာ လက်တွေ့ကျသော ဗျူဟာများကို တက်ရောက်လာကြသော ဆရာ/ဆရာမများနှင့် တက်ကြွစွာ ဆွေးနွေးမျှဝေခဲ့ပါသည်။ ထို့အပြင် ယခုနှစ်တွင် Milestone of Excellence အနေဖြင့် British Council နှင့် ပညာရေးဆိုင်ရာ လက်တွဲဆောင်ရွက်မှုများတွင် အမြင့်ဆုံးဖြစ်သော Platinum Membership အဆင့်ကိုပါ ရရှိပိုင်ဆိုင်နိုင်ခဲ့ခြင်းကလည်း အမှတ်တရ ဂုဏ်ယူစရာတစ်ခု ဖြစ်ခဲ့ပါသည်။ ဤအသိအမှတ်ပြုမှုသည် "Be the better you" ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်း၏ ကြိုးစားအားထုတ်မှုနှင့် တိုးတက်မှုများကို ဖော်ညွှန်းနေပြီး၊ ရှေ့ဆက်မည့် ပညာရေးခရီးလမ်းအတွက် ကြီးမားသော ခွန်အားတစ်ခု ဖြစ်စေခဲ့ပါသည်။ +3
News Image
19+

23

Aug

“YouthTopia” လူငယ်ပွဲတော်နှင့် ပညာရေးပြခန်း

IELTS
Milestone of Excellence Language Academy အနေဖြင့် Times City Convention Center တွင် ကျင်းပပြုလုပ်ခဲ့သော “YouthTopia” လူငယ်ပွဲတော်ကြီးတွင် Education Partner အဖြစ် ပါဝင်ဆင်နွှဲခဲ့ပါသည်။ ဩဂုတ်လ (၂၃) ရက်နှင့် (၂၄) ရက်၊ (၂) ရက်တာ ကျင်းပခဲ့သော ဤပွဲကြီးတွင် လူငယ်များအတွက် ပညာရေးဆိုင်ရာ အခွင့်အလမ်းများနှင့် ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များကို ဝန်ဆောင်မှုပေးခဲ့ပါသည်။ Milestone of Excellence ၏ Booth တွင် လာရောက်လေ့လာကြသော လူငယ်များအား အင်္ဂလိပ်စာ အရည်အချင်းစစ်ဆေးပေးခြင်း (Free Placement Test)၊ မိမိနှင့် ကိုက်ညီမည့် General English မှ IELTS အထိ သင်တန်းများကို ဆရာ/ဆရာမများနှင့် တိုက်ရိုက်ဆွေးနွေး အကြံဉာဏ်ရယူနိုင်ခြင်း (Consultation) နှင့် Free IELTS Exam Registration ဝန်ဆောင်မှုများကို အခမဲ့ စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ထို့အပြင် ပညာရေးအစီအစဉ်များသာမက High Achievers များနှင့်အတူ ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားခြင်းများ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းများကိုပါ ထည့်သွင်းကျင်းပခဲ့ရာ လူငယ်များ တစ်ခဲနက် တက်ကြွစွာ ပါဝင်အားပေးခဲ့ကြပါသည်။ လူငယ်ဘဝ အမှတ်တရများနှင့်အတူ ပညာရေးလမ်းကြောင်းများကိုပါ ရှာဖွေနိုင်ခဲ့သည့် အောင်မြင်သော ပွဲတစ်ခု ဖြစ်ခဲ့ပါသည်။ +4
News Image

22

Jun

"Empowering Minds, Celebrating Hearts" Teachers’ Event

IELTS
Milestone of Excellence နှင့် Myanmar TESOL Association တို့ ပူးပေါင်း၍ ဆရာ/ဆရာမများအတွက် ရည်ရွယ်သော "Empowering Minds, Celebrating Hearts" ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့တွင် Milestone of Excellence Campus ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤပွဲတွင် ဝါရင့် Guest Speaker (၁၁) ဦးမှ ပါဝင်အားဖြည့်ခဲ့ကြပြီး ဆရာ/ဆရာမများ စိတ်ဝင်စားမည့် သင်ကြားရေးဆိုင်ရာ ခေါင်းစဉ်အမျိုးမျိုးကို (Parallel Sessions) အခန်းကဏ္ဍများခွဲကာ ဆွေးနွေးမျှဝေခဲ့ကြပါသည်။ အဆိုပါ Session များတွင် Teacher May May Win, Teacher Myat Thinzar Tun, Teacher Kyi Zin Thant, Teacher Ei Kay Khaing, Teacher Moe, Saya Ko Ko Aung, Teacher Aye Nyein Soe, Teacher Zin Mar Lwin နှင့် Teacher Khun Sint Thar အစရှိသည့် ပညာရှင်များမှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်သူများမှ မိမိစိတ်ကြိုက် ခေါင်းစဉ်များကို ရွေးချယ်လေ့လာခွင့် ရရှိခဲ့ပါသည်။ ပညာရပ်ဆိုင်ရာ ဆွေးနွေးမှုများအပြင် ပွဲတက်ရောက်လာသူ ဆရာ/ဆရာမများ အချင်းချင်း ရင်းနှီးနွေးထွေးစွာ Networking ပြုလုပ်နိုင်ခဲ့ကြသလို၊ စိတ်လှုပ်ရှားဖွယ် Lucky Draw အစီအစဉ်များနှင့် နေ့လယ်စာ စားသောက်ပွဲများပါ ထည့်သွင်းကျင်းပနိုင်ခဲ့သည့်အတွက် ပညာရေးမိသားစုများ စုံညီစွာ ပျော်ရွှင်ခဲ့ရသော ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသည်။ +4
News Image
19+

11

May

“လူငယ်ရပ်ဝန်း” လူငယ်ပွဲတော်နှင့် ပညာရေးဆွေးနွေးပွဲ

IELTS
Milestone of Excellence Language Academy နှင့် လူငယ်အဖွဲ့အစည်းများ (Youth Organizations) ပူးပေါင်း၍ ဗဟုသုတမျှဝေခြင်းနှင့် ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များ ပါဝင်သည့် “လူငယ်ရပ်ဝန်း” ပွဲတော်ကို မေလ (၁၁) ရက်နေ့တွင် MOE Campus ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပွဲ၏ အသိပညာမျှဝေခြင်း (Sharing Session) ကဏ္ဍတွင် ဂုဏ်ထူးဆောင် Speaker များဖြစ်ကြသော ဆရာဦးချမ်းအေး၊ မအေးရည်မွန်၊ Angela Kyaw၊ ဟိန်းထက်စိုး၊ အိမ့်ကြယ်စင်နှင့် Roy တို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ လူငယ်များ သိရှိလိုကြသည့် Educational Pathways များ၊ ပညာသင်ဆု (Scholarship) အခွင့်အလမ်းများ၊ IELTS ပြင်ဆင်မှုဆိုင်ရာ အကြံပြုချက်များနှင့် Scholarship Winner တို့၏ လက်တွေ့အတွေ့အကြုံများကို တန်ဖိုးရှိစွာ မျှဝေပေးနိုင်ခဲ့ပါသည်။ ထို့အပြင် မိတ်ဖက် လူငယ်အဖွဲ့အစည်းများဖြစ်ကြသော Unilearn, RiseUp Organization, Voice of Ithiya, စိုက် - Site, The Forward Society, Prosper Art Net, Talk with Me နှင့် TOP Organization တို့မှလည်း Booth များဖွင့်လှစ်ကာ ပျော်ရွှင်ဖွယ်ရာ Activities များဖြင့် ပါဝင်အားဖြည့်ခဲ့ကြပြီး လူငယ်အချင်းချင်း ရင်းနှီးစွာ Networking ပြုလုပ်နိုင်ခဲ့သော ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသည်။ +3
News Image
19+

13

Nov

“Learn & Lantern” တန်ဆောင်တိုင် အမှတ်တရပွဲတော်

IELTS
Teacher Moe အင်္ဂလိပ်စာသင်တန်းကျောင်းတွင် တန်ဆောင်တိုင် အမှတ်တရ "Learn & Lantern" ပွဲတော်ကို နိုဝင်ဘာလ (၁၃) ရက်နေ့က ကျောင်းသား/သူများနှင့်အတူ ပျော်ရွှင်စွာ ဆင်နွှဲ ကျင်းပခဲ့ပါသည်။ အဆိုပါပွဲတွင် တန်ဆောင်တိုင်ပွဲတော်နှင့် သက်ဆိုင်သည့် အင်္ဂလိပ်စာ ဗဟုသုတများကို မျှဝေ ဆွေးနွေးခဲ့ကြသလို၊ ကျောင်းသား/သူများ ကိုယ်တိုင် လက်လုပ်မီးပုံးလေးများ (Handmade Lanterns) ပြုလုပ်ခြင်းနှင့် ကျောင်းဝန်းအတွင်း ဝှက်ထားသော “ပံ့သကူ” များကို လိုက်လံရှာဖွေခြင်း အစီအစဉ်များဖြင့် စည်ကားခဲ့ပါသည်။ ထို့ပြင် မီးပုံးအလှဆုံး ဖန်တီးနိုင်ခဲ့သည့် အဖွဲ့အား Teacher Moe မှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ပျော်ရွှင်စရာ အမှတ်တရ ပုံရိပ်များစွာ ကျန်ရစ်ခဲ့သည့် ပွဲလေးတစ်ပွဲ ဖြစ်ခဲ့ပါသည်။ +2
News Image
19+

08

Apr

Teacher Moe New Campus Grand Opening Ceremony (ကမာရွတ်)

IELTS
Milestone of Excellence Language Academy ၏ ခြေလှမ်းသစ်တစ်ခုဖြစ်သော “Teacher Moe New Campus Grand Opening Ceremony” ကို ဧပြီလ (၈) ရက်နေ့တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရတနာမြိုင်လမ်း၊ အမှတ် (၁၀၀) ရှိ Campus အသစ်၌ အောင်မြင်စွာ ကျင်းပဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော Milestone of Excellence သည် ယခု Campus အသစ်ဖွင့်လှစ်ချိန်ထိ IELTS Band 7 နှင့်အထက် High Achievers ပေါင်း (၃၁၉) ဦး ကို မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။ (အဆိုပါ High Achievers များထဲတွင် Overall Band 8.5 ရရှိသူ (၄) ဦး၊ Band 8 ရရှိသူ (၇၈) ဦးနှင့် Listening/Reading Band 9 ရရှိသူများစွာ ပါဝင်ပါသည်။) ကျောင်းသား/သူများ၏ အားပေးမှုနှင့်အတူ ပိုမိုကောင်းမွန်သော သင်ယူမှုဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ခဲ့သည့် ဂုဏ်ယူဖွယ်ရာ ဖွင့်ပွဲအခမ်းအနား တစ်ခုဖြစ်ခဲ့ပါသည်။ +4
News Image
16+

01

Apr

Earthquake Relief Fundraising & Donation Campaign

IELTS
Milestone of Excellence Language Academy မှ မြန်မာနိုင်ငံအတွင်း ကြုံတွေ့ခဲ့ရသော ငလျင်ဘေးအန္တရာယ်အတွက် “ငလျင်ဘေးအလှူ အတူဝိုင်းကူ” အစီအစဉ်ကိုပြုလုပ်ကာ ဧပြီလ (၁) ရက်နေ့မှ (၅) ရက်နေ့အထိ (၅) ရက်တာ အလှူငွေ ကောက်ခံခဲ့ပါသည်။ ၁။ ရန်ပုံငွေ ရရှိမှုစာရင်း (Financial Transparency) ဤအစီအစဉ်တွင် Milestone of Excellence (Teacher Moe) မှ မတည်ငွေ ကျပ်သိန်း (၁၅၀) ထည့်ဝင်ခဲ့ပြီး၊ ကျောင်းသား/သူများ၊ မိဘများနှင့် ပြည်သူများ၏ တခဲနက် ပါဝင်လှူဒါန်းမှုကြောင့် (၅) ရက်အတွင်း စုစုပေါင်း အလှူငွေ ကျပ် (၅၉၃) သိန်းကျော် (59,339,650 MMK) ကို ကောက်ခံရရှိခဲ့ပါသည်။ MOE မတည်ငွေ: 15,000,000 ကျပ် အများပြည်သူ လှူဒါန်းငွေ: 44,339,650 ကျပ် စုစုပေါင်း ရန်ပုံငွေ: 59,339,650 ကျပ် ၂။ လှူဒါန်းမှု မှတ်တမ်း (Distribution & Rehabilitation Activities) ရရှိလာသော အလှူငွေများကို အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအဖြစ် အောက်ပါအတိုင်း ဒေသအသီးသီးသို့ ခွဲဝေလှူဒါန်းခဲ့ပါသည် - ပထမအကြိမ် (စစ်ကိုင်းဒေသ): တန်ဖိုးငွေ (၇၀) သိန်းကျော် ရှိသော အစားအသောက်၊ ရေ၊ ဆေးဝါး၊ ခြင်ဆေးခွေ၊ ခေါက်ဆွဲခြောက်နှင့် မီးလုံးများကို ပို့ဆောင်လှူဒါန်းခဲ့ပါသည်။ ဒုတိယအကြိမ် (ပျဉ်းမနားဒေသ): MOE Team ကိုယ်တိုင် သွားရောက်၍ တန်ဖိုးငွေ (၇၀) သိန်းကျော် ရှိသော အစားအသောက်၊ ရေ၊ ခြင်ထောင်၊ ဆေးဝါးနှင့် Solar မီးလုံးများကို လှူဒါန်းခဲ့ပါသည်။ တတိယအကြိမ် (အင်းလေးဒေသ): ရွာတစ်ရွာရှိ အိမ်ခြေ (၁၄၀) အတွက် တစ်အိမ်ထောင်လျှင် (၅) သောင်းကျပ်နှုန်းဖြင့် စုစုပေါင်း သိန်း (၇၀) ကို MOE Team အဖွဲ့ဝင်များမှ ကိုယ်တိုင်သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ ရေသန့်စက်စီမံကိန်း (စစ်ကိုင်းမြို့): မြို့ပေါ်တွင် သောက်သုံးရေ လုံလောက်စွာရရှိစေရန် သိန်း (၅၀) တန်ဖိုးရှိ ရေသန့်စက် တည်ဆောက်လှူဒါန်းခဲ့ပါသည်။ စတုတ္ထအကြိမ် (အင်းလေးဒေသ - မိုင်းသောက်အင်းရွာ): ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် (Rehabilitation) အနေဖြင့် နေအိမ်ပျက်စီးသွားသော အိမ်ထောင်စု (၃) စုအတွက် အိမ်ပြန်လည်တည်ဆောက်ရန် တစ်အိမ်ထောင်လျှင် ကျပ်သိန်း (၅၀) နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း (၁၅၀) ကို လှူဒါန်းပေးခဲ့ပါသည်။ အရေးပေါ် ကယ်ဆယ်ရေးမှသည် ရေရှည်ပြန်လည်ထူထောင်ရေး (အိမ်ပြန်လည်တည်ဆောက်ခြင်း) အထိ ထိရောက်စွာ ပါဝင်ကုသိုလ်ယူခဲ့ကြသော ကျောင်းသား/သူများ၊ မိဘပြည်သူများနှင့် စေတနာရှင်များ အားလုံးကို Milestone of Excellence မိသားစုမှ အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။ +4
News Image
17+

14

Sep

Myanmar Flood Relief Fundraising Campaign

IELTS
Milestone of Excellence Language Academy မှ မြန်မာနိုင်ငံတစ်ဝန်း ကြုံတွေ့ခဲ့ရသော ရေဘေးအန္တရာယ်အတွက် "ရေဘေးသင့်ပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီပေးအပ်ခြင်း နှင့် အလှူငွေကောက်ခံခြင်း" အစီအစဉ်ကို စက်တင်ဘာလ (၁၄) ရက်နေ့မှ (၃၀) ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။ ဤအစီအစဉ်တွင် Milestone of Excellence ကျောင်းမှ မတည်ငွေ ကျပ်သိန်း (၅၀) နှင့် ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ၊ မိဘပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေ (၃,၂၄၃,၀၀၀) ကျပ် စုစုပေါင်း ကျပ် (၈၂) သိန်းကျော် ကို ရရှိခဲ့ပြီး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နေရာဒေသအသီးသီးသို့ အောက်ပါအတိုင်း (၂) ကြိမ်ခွဲ၍ လှူဒါန်းနိုင်ခဲ့ပါသည် - ပထမအကြိမ် လှူဒါန်းမှု (Solar LED Lights) လှူဒါန်းငွေ: Milestone of Excellence မှ မတည်ငွေ ကျပ်သိန်း (၅၀)။ စီစဉ်ဆောင်ရွက်မှု: Toly Moly မှ Ko Kyant (ကိုကြံ့) မှတစ်ဆင့် ချိတ်ဆက်လှူဒါန်းခြင်း။ လှူဒါန်းခဲ့သော နေရာများ: ညောင်ပင်သာ၊ သာယာကုန်းကျောက်တန်း၊ လုံကန့်၊ ထီးကာ၊ ချောင်းနားတောင်၊ ချောင်းနားမြောက်၊ စကားဒေသ နှင့် ဆင်တောင်ရွာ။ လှူဒါန်းပစ္စည်း: လျှပ်စစ်မီးလိုအပ်ချက်ရှိသော နေရာများအတွက် Solar LED Lights များ။ ဒုတိယအကြိမ် လှူဒါန်းမှု (Inle Region) လှူဒါန်းငွေ: ပြည်သူများ၏ အလှူငွေ (၃,၂၄၃,၀၀၀) ကျပ်အပေါ် Milestone of Excellence မိသားစုမှ ထပ်မံဖြည့်စွက်၍ စုစုပေါင်း (၄၁) သိန်းကျပ် ။ စီစဉ်ဆောင်ရွက်မှု: ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခြင်း။ လှူဒါန်းခဲ့သော နေရာ: အင်းလေးဒေသ၊ ဟဲယားရွာမ။ ကပ်ဘေးအန္တရာယ်ကာလတွင် တတ်စွမ်းသမျှ ပါဝင်ကူညီခဲ့ကြသော အလှူရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ (မှတ်ချက် - ပါဝင်လှူဒါန်းခဲ့သူများအတွက် သီးသန့်ပညာဒါနအစီအစဉ် ပြုလုပ်ပေးသွားမည်ဖြစ်ပါသဖြင့် အလှူငွေဖြတ်ပိုင်းများကို သိမ်းဆည်းထားကြပါရန် လေးစားစွာ အသိပေးအပ်ပါသည်။) +4
News Image

16

Aug

Academic Counseling Program (2nd Batch) for Milestoners

IELTS
Milestone of Excellence မှ ကျောင်းသား/သူဟောင်းများ (Milestoners) နှင့် လက်ရှိ IELTS တက်ရောက်နေသူများအတွက် ပထမအကြိမ်တွင် များစွာ အကျိုးရှိခဲ့သော “Academic Counseling Program” (ဒုတိယအကြိမ်) ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်နှင့် (၂၃) ရက်နေ့များတွင် ထပ်မံပြုလုပ်ပေးခဲ့ပါသည်။ ဤအစီအစဉ်တွင် နိုင်ငံတကာ ပညာသင်ဆုများစွာ ရရှိထားပြီး အတွေ့အကြုံရင့်ကျက်သော Milestoner ဟောင်းတစ်ဦးမှ Mentor အဖြစ် ဦးဆောင်၍ အောက်ပါအချက်များကို အသေးစိတ် ဆွေးနွေးအကြံပေးခဲ့ပါသည် - မိမိနှင့် ကိုက်ညီမည့် Academic Pathway နှင့် Major များ ရွေးချယ်ခြင်း။ နိုင်ငံတကာ တက္ကသိုလ်များနှင့် မဖြစ်မနေ သိထားသင့်သော Industry Trends များ။ Undergraduate နှင့် Graduate Level အလိုက် Scholarship လျှောက်ထားပုံ နည်းလမ်းများ။ ဆွေးနွေးမှု ပိုမိုထိရောက်စေရန်အတွက် Undergraduate နှင့် Graduate Level တစ်ခုစီတွင် ကျောင်းသား/သူ (၆) ဦးမှ (၁၀) ဦးထိသာ သီးသန့်ရွေးချယ်၍ Small Group Discussion ပုံစံဖြင့် (၂) ရက်တာ ပြုလုပ်ပေးခဲ့သော အစီအစဉ် ဖြစ်ပါသည်။ +4
News Image

12

Jul

Academic Counseling Program with Dr. Kaung Mon Winn

IELTS
Milestone of Excellence Language Academy မှ ကျောင်းသား/သူများ၏ ပညာရေးခရီးလမ်းအတွက် ထိရောက်သော လမ်းညွှန်မှုများ ရရှိစေရန် ရည်ရွယ်၍ Milestone ကျောင်းသားဟောင်း (Milestoner) တစ်ဦးဖြစ်သူ Dr. Kaung Mon Winn နှင့် တွေ့ဆုံဆွေးနွေးခွင့်ရမည့် "Free Academic Counseling Program" ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နှင့် (၂၆) ရက်နေ့များတွင် ပြုလုပ်ပေးခဲ့ပါသည်။ Mentor Profile: Dr. Kaung Mon Winn သည် ၂၀၁၁ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်မှ M.B.,B.S ဘွဲ့ရရှိခဲ့ပြီး၊ ပြည်သူ့ကျန်းမာရေးနယ်ပယ်တွင် (၇) နှစ်ကျော် အတွေ့အကြုံရှိသူ ဖြစ်ပါသည်။ သူ၏ ပညာရေးမှတ်တမ်းနှင့် အောင်မြင်မှုများမှာ - PhD Candidate: Health Economics, Monash University, Australia. (Research Focus: Child & Adolescent Health). Master's Degrees: Master of International Public Health (MIPH), University of Sydney, Australia (2018). Master of Medical Science (Medical Management), Karolinska Institutet, Sweden (2021). Scholarships: ADB-JSP Scholarship (2017), SISGP Scholarship (2019) နှင့် University PhD Scholarship ဆုရှင်။ ဤအစီအစဉ်တွင် Dr. Kaung Mon Winn မှ Undergraduate နှင့် Graduate ကျောင်းသား/သူ (၆) ဦးမှ (၁၀) ဦးစီပါဝင်သော Group များခွဲကာ အသေးစိတ် လမ်းညွှန်ဆွေးနွေးပေးခဲ့ပါသည်။ ၂၀၁၇ ခုနှစ်မှစတင်ကာ ကျောင်းသားပေါင်း (၅၀) ကျော်ကို ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များနှင့် Scholarship များ လျှောက်ထားရာတွင် အောင်မြင်စွာ လမ်းညွှန်ပေးနိုင်ခဲ့သော Mentor တစ်ဦးထံမှ တိုက်ရိုက်အကြံဉာဏ်ရယူခွင့်ရရှိခဲ့သည့် အဖိုးတန် အစီအစဉ်တစ်ခု ဖြစ်ခဲ့ပါသည်။ +4
News Image

27

Apr

“Standing as a Senior Software Developer in the UK” Webinar (Career Readiness Program)

IELTS
Milestone of Excellence ၏ Career Readiness Program အစီအစဉ်အဖြစ် IT နယ်ပယ်တွင် ကျင်လည်နေသော ပညာရှင်တစ်ဦးနှင့် တွေ့ဆုံ၍ "UK မှာ Senior Software Developer တစ်ယောက်အနေနဲ့ ရပ်တည်ခြင်း" အသိပညာမျှဝေပွဲ (Webinar) ကို ဧပြီလ (၂၇) ရက်နေ့တွင် Facebook Live မှတစ်ဆင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤဆွေးနွေးပွဲတွင် Speaker အဖြစ် Ma July မှ ပါဝင်ဆွေးနွေးခဲ့ပါသည်။ Ma July သည် University of Computer Studies, Yangon (UCSY) မှ ဘွဲ့ရရှိထားပြီး၊ စင်ကာပူနိုင်ငံ Nanyang Technological University (NTU) မှ Information Systems အထူးပြုဘာသာရပ်ဖြင့် မဟာဘွဲ့ ရရှိထားသူ ဖြစ်ပါသည်။ သူမသည် Software Development, Health Tech နှင့် Data Analytics နယ်ပယ်တို့တွင် (၁၂) နှစ်ကျော် အတွေ့အကြုံရှိပြီး၊ စင်ကာပူနိုင်ငံ၏ ထိပ်တန်း Healthtech ကုမ္ပဏီ Synapxe (IHiS) တွင် Senior Systems Analyst အဖြစ် လုပ်ကိုင်ခဲ့ဖူးသော နိုင်ငံတကာအတွေ့အကြုံရင့် ပညာရှင်တစ်ဦး ဖြစ်ပါသည်။ Webinar အတွင်း UK နိုင်ငံရှိ IT လုပ်ငန်းခွင်တွင် Senior Software Developer တစ်ဦးအဖြစ် ရပ်တည်ရန် ပြင်ဆင်ပုံများ၊ နောက်ဆုံးပေါ် Industry Trend များ၊ Health Tech ဆိုင်ရာ ဗဟုသုတများနှင့် သူမ၏ နိုင်ငံတကာ လုပ်ငန်းခွင်ဖြတ်သန်းမှု (Life Experience) များကို တန်ဖိုးရှိစွာ မျှဝေပေးခဲ့ပါသည်။ IT နယ်ပယ်သို့ ဝင်ရောက်လိုသော လူငယ်များအတွက် အဖိုးတန်သော လမ်းညွှန်မှုများ ပေးနိုင်ခဲ့သည့် ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသည်။ +4
News Image

30

Mar

“A Glimpse into the UK Medical Field” Webinar (Career Readiness Program)

IELTS
Milestone of Excellence ၏ Career Readiness Program အစီအစဉ်အဖြစ် UK နိုင်ငံတွင် ဆေးပညာရှင်တစ်ဦးအဖြစ် ရပ်တည်လိုသူများအတွက် ရည်ရွယ်သော "UK က ဆေးပညာနယ်ပယ်အကြောင်း တစေ့တစောင်း" အသိပညာမျှဝေပွဲ (Webinar) ကို မတ်လ (၃၀) ရက်နေ့တွင် Facebook Live မှတစ်ဆင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤဆွေးနွေးပွဲတွင် Speaker အဖြစ် Dr. Zin Nwe Htut မှ ပါဝင်ဆွေးနွေးခဲ့ပါသည်။ Dr. Zin Nwe Htut သည် ရန်ကုန်ဆေးတက္ကသိုလ် (၁) မှ M.B.,B.S ဘွဲ့၊ UK နိုင်ငံ Glasgow တွင် Diabetes Management ဖြင့် MSc ဘွဲ့နှင့် MRCP (UK) ဘွဲ့များကို ရရှိထားသူဖြစ်ပြီး၊ လက်ရှိတွင် London ရှိ Imperial College Healthcare NHS Trust တွင် Specialist Registrar in Endocrinology and Diabetes အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါသည်။ ထို့အပြင် ကမ္ဘာ့အဆင့်မီ Imperial College London တွင် Full Scholarship ဖြင့် PhD ပါရဂူဘွဲ့ကို တက်ရောက်နေသော Clinical Academic တစ်ဦးလည်း ဖြစ်ပါသည်။ Webinar အတွင်း UK နိုင်ငံတွင် Medical Professional တစ်ယောက်အဖြစ် ရပ်တည်နိုင်ရန် ပြင်ဆင်သင့်သည်များ၊ နောက်ဆုံးပေါ် Industry Trends များနှင့် သူမ၏ ကိုယ်တွေ့ Life Experience များကို တန်ဖိုးရှိစွာ မျှဝေပေးခဲ့ပါသည်။ ဆေးပညာလမ်းကြောင်းကို ရွေးချယ်လျှောက်လှမ်းမည့် လူငယ်များအတွက် နိုင်ငံတကာအတွေ့အကြုံများနှင့် ဗဟုသုတများကို ထိရောက်စွာ လမ်းညွှန်ပေးနိုင်ခဲ့သော ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသည်။ +4
News Image

24

Dec

“Medical Career in UK” Webinar (Career Readiness Program)

IELTS
Milestone of Excellence ၏ Career Readiness Program ၏ ပထမဆုံးအစီအစဉ်အဖြစ် "UK မှာ ဆေးပညာဆိုင်ရာ Professional တစ်ယောက်အနေနဲ့ ရပ်တည်နိုင်ဖို့" ခေါင်းစဉ်ဖြင့် အသိပညာမျှဝေပွဲ (Webinar) ကို ဒီဇင်ဘာလ (၂၄) ရက်နေ့ (Christmas Eve) တွင် Facebook Live မှတစ်ဆင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤဆွေးနွေးပွဲတွင် Speaker အဖြစ် Dr. Kyi Lai Yin Swe (Scientific Officer at Cancer Research UK Scotland Institute) မှ ပါဝင်ဆွေးနွေးခဲ့ပါသည်။ Dr. Kyi Lai Yin Swe သည် ရန်ကုန်ဆေးတက္ကသိုလ် (၁) မှ M.B.,B.S ဘွဲ့နှင့် University of Glasgow မှ MSc Cancer Research and Precision Oncology မဟာဘွဲ့ကို ဂုဏ်ထူးဆောင်ဆုဖြင့် ရရှိထားသူဖြစ်ပြီး၊ နိုင်ငံတကာ သုတေသနအတွေ့အကြုံများစွာရှိသော ပညာရှင်တစ်ဦး ဖြစ်ပါသည်။ ဆွေးနွေးပွဲအတွင်း ဆေးပညာနယ်ပယ်ကို ရွေးချယ်လျှောက်လှမ်းမည့် လူငယ်များအတွက် UK တွင် Medical Professional တစ်ယောက်အဖြစ် ရပ်တည်ရန် ပြင်ဆင်သင့်သည်များ၊ နောက်ဆုံးပေါ် Industry Trends များနှင့် သူမ၏ ကိုယ်တွေ့ Life Experiences များကို တန်ဖိုးရှိစွာ မျှဝေပေးခဲ့ပါသည်။ ဆေးလောကတွင် လျှောက်လှမ်းလိုသူများအတွက် နိုင်ငံတကာအတွေ့အကြုံများနှင့် ဗဟုသုတများကို ထိရောက်စွာ လမ်းညွှန်ပေးနိုင်ခဲ့သော ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသည်။ +4
News Image
20+

27

Dec

Reflect, Reset, Rise” Seminar: Unlock Your Potential

IELTS
Milestone of Excellence Language Academy နှင့် MyJobs Myanmar တို့ ပူးပေါင်း၍ နှစ်သစ်ကို အားအင်အပြည့်ဖြင့် ကြိုဆိုနိုင်ရန် ရည်ရွယ်ကျင်းပသော “Reflect, Reset, Rise: Unlock Your Potential” Seminar ကို ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် Times City Campus ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပွဲတွင် Teacher Moe (Founder of Milestone of Excellence) နှင့် Ma Mya Thandar Oo (Owner & CBO of MyJobs Myanmar) တို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသူများ၏ အလားအလာ (Potential) များကို ဖော်ထုတ်ပေးနိုင်မည့် အဓိကအချက် (၃) ချက်ကို မျှဝေခဲ့ကြပါသည် - Reflect: လက်ရှိ Mindset၊ အကျင့်ဆိုးများနှင့် တိုးတက်မှုကို နှောင့်နှေးစေသော စိန်ခေါ်မှုများကို ပြန်လည်ဆန်းစစ်ခြင်း။ Reset: ယုံကြည်ချက်အမှားများ (Unhelpful Beliefs)၊ စာသင်ကြားမှုနှင့် လုပ်ငန်းခွင်ဆိုင်ရာ ပိတ်ဆို့မှု (Blocks) များကို ဖယ်ရှားရှင်းလင်းခြင်း။ Rise: ရှင်းလင်းပြတ်သားသော ရည်မှန်းချက် (Clarity)၊ ခိုင်မာသော စိတ်ဓာတ်ခွန်အားများနှင့်အတူ လက်တွေ့ကျသော Personal Action Plan ချမှတ်ခြင်း။ မိမိဝါသနာ (Passion) ကို ရှာဖွေနေသူများနှင့် အလုပ်အကိုင် အခွင့်အလမ်းသစ်များကို မျှော်မှန်းနေသူများအတွက် ထိရောက်သော လမ်းညွှန်မှုများ ပေးနိုင်ခဲ့သလို၊ တက်ရောက်လာသူများမှလည်း တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ၂၀၂၅ ခုနှစ်ကို သင်ခန်းစာယူပြီး ၂၀၂၆ ခုနှစ်အတွက် ခွန်အားသစ်များ မွေးဖွားပေးနိုင်ခဲ့သော အဖိုးတန် ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသည်။ +4
News Image

09

Nov

"One Day IELTS Training" (100% Free) အထူးသင်တန်း

IELTS
Milestone of Excellence ၏ Times City Campus ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် "One Day IELTS Training" (၁) ရက်တာ အထူးသင်တန်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤသင်တန်းတွင် IELTS ဖြေဆိုရန် ပြင်ဆင်နေသူများအတွက် မရှိမဖြစ်လိုအပ်သော Listening, Reading, Writing နှင့် Speaking Skill (၄) ခုစလုံးကို တစ်ရက်တည်းဖြင့် ထိရောက်စွာ လေ့လာနိုင်ရန် စီစဉ်ပေးခဲ့ပါသည်။ မနက် (၉:၃၀) မှ ညနေ (၄:၀၀) အထိ အချိန်ယူကာ Skill တစ်ခုချင်းစီအတွက် အသေးစိတ် Tips & Tricks များကို မျှဝေဆွေးနွေးခဲ့ပါသည်။ သင်ကြားမှု အရည်အသွေး (Class Quality Control) ကို ထိန်းသိမ်းသောအားဖြင့် ကျောင်းသား/သူ (၃၅) ဦးကိုသာ သီးသန့်ရွေးချယ် လက်ခံသင်ကြားပေးခဲ့ပြီး၊ IELTS အကြောင်း ထဲထဲဝင်ဝင် သိရှိနားလည်သွားစေမည့် ထိရောက်သော Training တစ်ခု ဖြစ်ခဲ့ပါသည်။ +4
News Image
19+

23

Aug

"မန္တလေးမှ IELTS နဲ့ International Scholarships အိပ်မက်များဆီသို့" ပညာရေးဆွေးနွေးပွဲ

IELTS
Milestone of Excellence Language Academy နှင့် Bright Institute တို့ ပူးပေါင်း၍ မန္တလေးမြို့ရှိ လူငယ်များအတွက် ရည်ရွယ်ကျင်းပသော "မန္တလေးမှ IELTS နဲ့ International Scholarships အိပ်မက်များဆီသို့" ပညာရေးဆွေးနွေးပွဲ (Free Seminar) ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့တွင် Ease Hotel Mandalay ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤပွဲသည် မူလခန့်မှန်းထားသည့် လူဦးရေ (၁၆၀) ထက် များပြားကာ တက်ရောက်သူ (၂၅၀) ကျော်အထိ စည်ကားသိုက်မြိုက်ခဲ့သဖြင့် ထပ်တိုးထိုင်ခုံများ စီစဉ်ပေးခဲ့ရသည်အထိ အားပေးမှုရရှိခဲ့သော မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် Milestone of Excellence Founder Teacher Moe နှင့် Bright Institute Founder ဆရာဦးချမ်းအေး တို့မှ အဓိက Speaker များအဖြစ် ပါဝင်ခဲ့ကြပါသည်။ နိုင်ငံတကာပညာသင်ဆု (Scholarship) လျှောက်ထားရာတွင် သိရှိထားသင့်သည့် အဆင့်ဆင့်လုပ်ဆောင်ရမည့်အချက်များ၊ Personal Statement ရေးသားနည်းစနစ်များ၊ Application Process တွင် ဆောင်ရန်/ရှောင်ရန်များနှင့် Scholarship ခရီးလမ်းတွင် IELTS ၏ အရေးပါပုံများကို အသေးစိတ် မျှဝေဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ကျောင်းသား/သူများအတွက် အထူးအစီအစဉ်အဖြစ် Booth Session များပါ ထည့်သွင်းကျင်းပခဲ့ပါသည်။ Milestone of Excellence ၏ ကျွမ်းကျင်ဆရာ/ဆရာမများ ကိုယ်တိုင်ဦးစီး၍ Mini Reading & Speaking Tests စစ်ဆေးပေးခြင်း၊ ရလာဒ်အပေါ်မူတည်၍ General English မှ IELTS အထိ သင့်တော်မည့် လမ်းကြောင်းများကို Free Consultation ပြုလုပ်ပေးခြင်းနှင့် IELTS Exam Registration ဝန်ဆောင်မှုများကိုပါ တစ်နေရာတည်းတွင် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ မန္တလေးမြို့မှ လူငယ်များ၏ နိုင်ငံခြားပညာရေးအိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် လမ်းဖွင့်ပေးနိုင်ခဲ့သော အမှတ်တရ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသည်။ +4
News Image
19+

09

Aug

“Write Your Future” IELTS & Scholarship Essay Writing Training (Two-Day Workshop)

IELTS
Milestone of Excellence Language Academy နှင့် Bright Institute တို့ ပူးပေါင်း၍ နိုင်ငံရပ်ခြားတွင် ပညာသင်ကြားရန် အိပ်မက်ရှိသူများအတွက် “Write Your Future: IELTS & Scholarship Essay Writing Training” (၂) ရက်တာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၉) ရက်နှင့် (၁၀) ရက်နေ့များတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ Day 1: Scholarship Essay Writing Focus ပထမနေ့တွင် Bright Institute ၏ Founder ဆရာဦးချမ်းအေးနှင့် Teacher Moe တို့မှ ဦးဆောင်ကာ Hybrid System (On-site & Zoom) ဖြင့် ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် နိုင်ငံတကာ ပညာသင်ဆု (Scholarship) လျှောက်ထားရာတွင် အရေးပါသော Personal Statement နှင့် Essay ရေးသားနည်းစနစ်များ၊ Application Process တွင် ဆောင်ရန်/ရှောင်ရန်များ၊ နှင့် Scholarship လျှောက်ထားရာတွင် IELTS ၏ အခန်းကဏ္ဍများကို အသေးစိတ် မျှဝေဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် တက်ရောက်သူများ ကိုယ်တိုင် လက်တွေ့ Essay ရေးသားခြင်း (Practical Exercise) နှင့် Feedback ပေးခြင်းများကိုပါ ထိရောက်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။ Day 2: IELTS Essay Writing Focus ဒုတိယနေ့တွင် Milestone Campus ၌ On-site သီးသန့်ပြုလုပ်ခဲ့ပြီး Teacher Moe မှ ဦးဆောင်ဆွေးနွေးခဲ့ပါသည်။ IELTS Writing အတွက် မရှိမဖြစ်လိုအပ်သော Tips & Tricks များ၊ Essay Question Type များနှင့် အမှတ်ရအောင် ဖြေဆိုနည်းဗျူဟာများကို သင်ကြားပေးခဲ့ပါသည်။ ကျောင်းသား/သူများအနေဖြင့် IELTS Essay များကို လက်တွေ့ရေးသားကာ Teacher Moe ထံမှ တိုက်ရိုက် Feedback ရယူနိုင်ခဲ့ကြပါသည်။ ဤ Workshop သည် Bright Institute ၏ Resilient Scholar Project ကို Milestone of Excellence မှ Social Action Initiative အနေဖြင့် ပါဝင်အားဖြည့်ခဲ့ခြင်းဖြစ်ပြီး၊ လူငယ်များ၏ နိုင်ငံခြားပညာရေးအိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ထိရောက်စွာ လမ်းဖွင့်ပေးနိုင်ခဲ့သော ပွဲတစ်ခု ဖြစ်ခဲ့ပါသည်။ +4
News Image
4+

20

Jul

“Pre-Intermediate to IELTS Journey” အွန်လိုင်းဆွေးနွေးပွဲ (Webinar)

IELTS
Milestone of Excellence Language Academy မှ အင်္ဂလိပ်စာ အခြေခံ (Pre-Intermediate Level) ရှိသူများအနေဖြင့် IELTS Band Score မြင့်မားစွာ ရရှိနိုင်ရန် ပြင်ဆင်သင့်ပုံများကို မျှဝေပေးသည့် “Pre-Intermediate to IELTS Journey” Webinar ကို ဇူလိုင်လ (၂၀) ရက်နေ့တွင် Zoom Platform မှတစ်ဆင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤဆွေးနွေးပွဲတွင် Speaker အဖြစ် Milestone of Excellence ၏ ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ Ko Kyaw Sit Thway (Daniel) မှ သူ၏ ကိုယ်တွေ့အတွေ့အကြုံများကို အခြေခံကာ ပြန်လည်မျှဝေပေးခဲ့ခြင်း ဖြစ်ပါသည်။ Ko Kyaw Sit Thway သည် Milestone တွင် IELTS Foundation နှင့် IELTS Essential 7 Plus အတန်းများကို တက်ရောက်ခဲ့ပြီး ကြိုးစားမှုရလဒ်အဖြစ် IELTS Band 7 ရရှိထားသူဖြစ်သလို၊ Scholarship ပါ ရရှိထားသူ တစ်ဦးဖြစ်ပါသည်။ ဆွေးနွေးပွဲအတွင်း Pre-Intermediate မှ IELTS သို့ ထိရောက်စွာ လေ့လာနိုင်မည့် လမ်းကြောင်းများ၊ Skill တစ်ခုချင်းစီအတွက် Tips & Tricks များ၊ ကျောင်းသားအများစု မှားယွင်းလေ့ရှိသည့် အချက်များနှင့် ပြင်ဆင်ချိန် သတ်မှတ်ပုံများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။ ကိုယ်တိုင် ကြိုးစားအားထုတ်မှု (Self-discipline) ဖြင့် အောင်မြင်မှုရယူနိုင်ခဲ့သည့် ကျောင်းသားဟောင်းတစ်ဦး၏ လက်တွေ့ကျသော မျှဝေမှုဖြစ်သည့်အတွက် တက်ရောက်သူများအတွက် များစွာ အကျိုးရှိစေခဲ့သော ပွဲတစ်ခု ဖြစ်ခဲ့ပါသည်။ Webinar ပြန်လည်ကြည့်ရှုလိုသူများအနေဖြင့် IELTS Support by MOE Facebook Group တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ +4
News Image

03

Aug

MmTESOL Edu-talk Series: "General Introduction to IELTS and The Role of Reading for IELTS Success"

IELTS
Myanmar TESOL Association မှ ကြီးမှူးကျင်းပသော လူငယ်များအတွက် ပညာရေးလမ်းကြောင်းဆိုင်ရာ MmTESOL Edu-talk Series တွင် Milestone of Excellence ၏ Founder Teacher Moe မှ Guest Speaker အဖြစ် ဖိတ်ကြားခံရ၍ ပါဝင်ဆွေးနွေးခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့တွင် ပြုလုပ်ခဲ့သော ဤဆွေးနွေးပွဲ၌ “General Introduction to IELTS and The Role of Reading for IELTS Success” ခေါင်းစဉ်ဖြင့် နိုင်ငံရပ်ခြား တက္ကသိုလ်များတွင် ပညာသင်ကြားရန်နှင့် ပညာသင်ဆုများ လျှောက်ထားရန် ပြင်ဆင်နေသော လူငယ်များအတွက် အဓိကထား ဆွေးနွေးခဲ့ပါသည်။ IELTS စာမေးပွဲ၏ အခြေခံသဘောသဘာဝများနှင့် အောင်မြင်မှုရရှိရန် အဆုံးအဖြတ်ပေးနိုင်သည့် Reading Skills ၏ အရေးပါပုံများကို မြန်မာဘာသာဖြင့် အသေးစိတ် မျှဝေပေးခဲ့ပါသည်။ Teacher Moe သည် IELTS သင်ကြားရေးတွင် (၁၈) နှစ်ကျော် အတွေ့အကြုံရှိပြီး၊ Cambridge CELTA နှင့် DELTA ဘွဲ့များကို ရရှိထားသူ ဖြစ်ပါသည်။ ထိုအချိန်ထိ IELTS Band 7 နှင့်အထက် High Achievers ပေါင်း (၄၄၈) ဦးကို မွေးထုတ်ပေးနိုင်ခဲ့သော အတွေ့အကြုံများကို အခြေခံ၍ မြန်မာလူငယ်များအတွက် ထိရောက်သော လမ်းညွှန်မှုများ ပေးစွမ်းနိုင်ခဲ့သည့် ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသည်။ +4
News Image

01

Apr

Thingyan Special: AI Generated Speaking Test (Worth 120 Lakhs) & Free Speaking Club

IELTS
Milestone of Excellence Language Academy မှ မြန်မာ့နှစ်သစ်ကူး (သင်္ကြန်) အထိမ်းအမှတ် လက်ဆောင်မွန်အဖြစ် “သိန်း (၁၂၀) တန်ဖိုးရှိ AI Generated Speaking Test နှင့် Free Speaking Club” အစီအစဉ်ကို ဧပြီလ ပထမပတ်တွင် အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့ပါသည်။ ၁။ AI Generated Speaking Test (အခမဲ့) ကျောင်းသား/သူများ၏ Speaking Skill ကို နည်းပညာအကူအညီဖြင့် တိကျစွာ တိုင်းတာနိုင်ရန် AI Generated Speaking Test ကို အခမဲ့ ဖြေဆိုခွင့် (တစ်ဦးလျှင် ၂ ကြိမ်) ပေးအပ်ခဲ့ပါသည်။ စာမေးပွဲပုံစံမှာ (၂၀) မိနစ်ကြာမြင့်ပြီး အောက်ပါ အပိုင်း (၅) ပိုင်း ပါဝင်ပါသည် - Interview Reading Aloud Presentation Graphic Presentation Communication Activity ဖြေဆိုပြီးပါက Performance Report အနေဖြင့် CEFR Level Results (A1, A2, B1, B2...), General Feedback နှင့် Specific Study Advice များကို အသေးစိတ် ထုတ်ပြန်ပေးခဲ့ပါသည်။ ၂။ Thingyan Special Speaking Club (Online) AI Test ရလဒ်များအပေါ် အခြေခံ၍ Milestone of Excellence ၏ ဝါရင့် ဆရာ/ဆရာမများ ကိုယ်တိုင် ဦးစီးကာ Online Speaking Club များကို Level အလိုက် အောက်ပါအတိုင်း ခွဲခြားသင်ကြားပေးခဲ့ပါသည် - Apr 1: Basic Level (7:00 PM - 9:00 PM) Apr 2: Pre-intermediate Level (7:00 PM - 9:00 PM) Apr 3: Intermediate Level (6:00 PM - 8:00 PM) Apr 5: Upper-intermediate Level (6:00 PM - 8:00 PM) နှစ်သစ်ကူးကာလတွင် လူငယ်များအတွက် အင်္ဂလိပ်စာစွမ်းရည် တိုးတက်စေရန် နည်းပညာနှင့် လူသားအရင်းအမြစ်ကို ပေါင်းစပ်၍ ပံ့ပိုးပေးနိုင်ခဲ့သော ထိရောက်သည့် ပညာဒါနအစီအစဉ်တစ်ခု ဖြစ်ခဲ့ပါသည်။ +4
News Image

23

Feb

Teacher Moe နှင့်အတူ (၃) ရက်ဆက်တိုက် ပညာဒါန Knowledge Sharing အစီအစဉ်

IELTS
Milestone of Excellence မှ ကျောင်းသား/သူများအတွက် အထူးရည်ရွယ်၍ “Teacher Moe နှင့်အတူ ပညာဒါနသင်ခန်းစာများ” အစီအစဉ်ကို ဖေဖော်ဝါရီလနှင့် မတ်လအတွင်း (၃) ရက်တာ ခွဲခြား၍ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤအစီအစဉ်တွင် IELTS ဖြေဆိုရန် ပြင်ဆင်နေသူများအတွက် အောက်ပါကဏ္ဍ (၃) ခုကို မျှဝေပေးခဲ့ပါသည် - Day 1 (23rd Feb - Zoom Session): IELTS Listening Special Session ကို ကျင်းပခဲ့ပြီး၊ Listening Modules များ၊ Question Types နှင့် ဖြေဆိုနည်း Strategies များကို Teacher Moe မှ ဦးဆောင်၍ ကျောင်းသား/သူများနှင့်အတူတူ လက်တွေ့လေ့ကျင့် သင်ကြားပေးခဲ့ပါသည်။ Day 2 (1st March - Facebook Live): IELTS Writing Task 2 Workshop တွင် Writing Criteria များနှင့် Techniques များကို ရှင်းလင်းပို့ချပေးခဲ့ပြီး၊ Teacher Moe ကိုယ်တိုင် ကျောင်းသား/သူများနှင့်အတူတူ Live ရေးသားပြသကာ ထိရောက်စွာ ဆွေးနွေးနိုင်ခဲ့ပါသည်။ Day 3 (9th March - Facebook Live): IELTS Overall Band 9 ကို ထူးချွန်စွာ ဆွတ်ခူးရရှိထားသူ Ma Haema Malini နှင့် တွေ့ဆုံမေးမြန်းခန်းကို ပြုလုပ်ခဲ့ပါသည်။ High Achiever တစ်ဦး၏ စာမေးပွဲပြင်ဆင်ပုံများ၊ Exam Room အတွင်း ဆောင်ရန်/ရှောင်ရန်များနှင့် အဖိုးတန်သော အကြံဉာဏ်များကို မျှဝေပေးနိုင်ခဲ့သည့် ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသည်။ +4
News Image
9+

30

Jul

Free IELTS Information Sharing Webinar + Scholarship Program

IELTS
Milestone of Excellence မှ ကျောင်းသား/သူများနှင့် ပေးထားသော ကတိအတိုင်း “Free IELTS Information Sharing Webinar + Scholarship” အစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့တွင် Zoom Platform မှတစ်ဆင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤ Webinar တွင် မြန်မာနိုင်ငံအရပ်ရပ်မှ ကျောင်းသား/သူများ အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်ခဲ့ကြပြီး၊ အောက်ပါအစီအစဉ်များကို ထိရောက်စွာ မျှဝေပေးနိုင်ခဲ့ပါသည် - IELTS ပြင်ဆင်ပုံနည်းလမ်းများနှင့် Strategies များ။ Reading နှင့် Listening skill များတွင် Band 9 ရရှိထားသော ကျောင်းသား/သူများ၏ လက်တွေ့ကျသော "Proven Tips" များ။ High Achievers (Band 7 နှင့်အထက်) များနှင့် Breakout Rooms များတွင် ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးခွင့်များ။ ထို့အပြင် အစီအစဉ်၏ အထူးကဏ္ဍအနေဖြင့် တက်ရောက်လာသူများထဲမှ ကံထူးရှင် (၃) ဦးကို ရွေးချယ်ကာ IELTS Reading Class (100% Scholarship) ပညာသင်ဆုများကို မေတ္တာလက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ စေတနာသန့်သန့်ဖြင့် ပညာပါရမီဖြည့်ဆည်းပေးခဲ့သော ဤပွဲလေးသည် ကျောင်းသား/သူများအတွက် ပညာရေးခွန်အားများ ဖြစ်စေခဲ့သလို၊ Milestone of Excellence မိသားစုအတွက်လည်း ကြည်နူးပီတိဖြစ်ဖွယ်ရာ နေ့ရက်တစ်ခု ဖြစ်ခဲ့ပါသည်။ +4
News Image
19+

08

Jun

“IELTS Information Sharing Seminar” (Taunggyi)

IELTS
Milestone of Excellence Language Academy မှ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ ကျောင်းသား/သူများအတွက် “IELTS Information Sharing Seminar” ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤပွဲသည် (၂) ရက်အတွင်း အချိန်တိုတိုဖြင့် စီစဉ်ကျင်းပခဲ့ရသော်လည်း တောင်ကြီးမြို့နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသခံ မိဘပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၏ စိတ်အားထက်သန်စွာ တက်ရောက်အားပေးမှုကြောင့် အထူးစည်ကားသိုက်မြိုက်ခဲ့ပါသည်။ IELTS နှင့်ပတ်သက်သည့် အသိပညာဗဟုသုတများကို ထိရောက်စွာ မျှဝေပေးနိုင်ခဲ့သလို၊ ဒေသခံ တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခွင့်ရခဲ့သည့် ကျေနပ်ပီတိဖြစ်ဖွယ်ရာ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသည်။ +3
News Image

19

Feb

Young Learners Teachers Internship Program & Information Webinar

IELTS
Milestone of Excellence နှင့် MOE Junior တို့ ပူးပေါင်း၍ ကလေးငယ်များကို စာသင်ကြားလိုသော ဝါသနာရှင် လူငယ်များအတွက် “Young Learners Teachers Internship Program” (၆) လတာ လက်တွေ့ကွင်းဆင်း လေ့ကျင့်ရေးအစီအစဉ်ကို မိတ်ဆက်ပေးနိုင်ခဲ့ပါသည်။ အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ အကြို Information Webinar ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် Zoom Platform မှတစ်ဆင့် ကျင်းပခဲ့ရာ Teacher Moe နှင့် Teacher Thu တို့မှ အဓိက Trainer များအဖြစ် ပါဝင်ဆွေးနွေး ရှင်းလင်းခဲ့ကြပါသည်။ ဤ Internship Program တွင် ကလေးများအား စာသင်ကြားနည်း သီအိုရီများ (Theoretical Aspects)၊ လက်တွေ့သင်ကြားမှုများ (Practical Sessions)၊ အတန်းတွင်း စီမံခန့်ခွဲမှုများနှင့် Lesson Planning ရေးဆွဲနည်းများကို စနစ်တကျ လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ TKT (Young Learners) နှင့် CELTA ကဲ့သို့သော နိုင်ငံတကာဆရာဖြစ်သင်တန်းများအတွက် အခြေခံကောင်းများ ရရှိစေရုံသာမက၊ MOE Junior တွင်ပါ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ဖန်တီးပေးနိုင်ခဲ့သော ထိရောက်သည့် အစီအစဉ်တစ်ခု ဖြစ်ခဲ့ပါသည်။ +4
News Image
19+

24

Dec

“Christmas Gift Class with Teacher Moe” (IELTS Grammar & Vocabulary)

IELTS
Milestone of Excellence Language Academy မှ IELTS ကျောင်းသားဟောင်းများနှင့် ကျောင်းသားသစ်များအတွက် ၂၀၂၂ ခုနှစ် ခရစ်စမတ်လက်ဆောင်မွန်အဖြစ် “Christmas Gift Class with Teacher Moe” (IELTS Grammar & Vocabulary Lessons) အထူးသင်တန်းကို ဒီဇင်ဘာလ (၂၄) ရက်နှင့် (၂၅) ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤအစီအစဉ်တွင် Teacher Moe ကိုယ်တိုင် ဦးစီး၍ IELTS Essay Writing နှင့် Academic Reading Passages များအတွက် အရေးပါသော Grammar များ၊ Intermediate Level နှင့်အထက် Topic Vocabulary များကို သင်ကြားပို့ချပေးခဲ့ပါသည်။ ကျောင်းသား/သူ စုစုပေါင်း (၆၀) ဦးကို ရွေးချယ်ကာ (၂) ရက်ခွဲ၍ အခမဲ့ (Free of Charge) သင်ကြားပေးခဲ့ခြင်း ဖြစ်ပါသည်။ စာသင်ကြားမှုများအပြင် Snack Break အစီအစဉ်များနှင့်အတူ ဆရာနှင့် တပည့်များအကြား ရင်းနှီးနွေးထွေးစွာဖြင့် ပျော်ရွှင်စရာ "Sweet Memories" များ ဖန်တီးနိုင်ခဲ့ပြီး၊ နှစ်သစ်အတွက် Learning Goals များကိုပါ ခွန်အားဖြည့်ပေးနိုင်ခဲ့သော အမှတ်တရ နေ့ရက်များ ဖြစ်ခဲ့ပါသည်။ +3
News Image

19

Feb

“IELTS Exam Experience Sharing” (Facebook Live Session)

IELTS
Milestone of Excellence မှ IELTS ဖြေဆိုရန် ပြင်ဆင်နေကြသော ကျောင်းသား/သူများ သိရှိလိုသည့် စာမေးပွဲဆိုင်ရာ မေးခွန်းများနှင့် ဖြေဆိုပုံအမျိုးအစားများကို ရှင်းလင်းမျှဝေပေးရန် ရည်ရွယ်၍ “IELTS Exam Experience Sharing Session” ကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် Facebook Live မှတစ်ဆင့် ပြုလုပ်ခဲ့ပါသည်။ ဤအစီအစဉ်ကို ကြိုးစားသော ကျောင်းသား/သူများအတွက် Valentine’s Day အမှတ်တရ ပညာလက်ဆောင်မွန် အဖြစ် စီစဉ်ခဲ့ခြင်း ဖြစ်ပြီး၊ Milestone of Excellence ၏ High Achievers များဖြစ်ကြသော မခိုင်ဇင်စန်း၊ မောင်စွမ်းထက်သူရိန် နှင့် မဆုလတ်ဖြူ တို့က Teacher Moe နှင့်အတူ ပါဝင်အားဖြည့် ဆွေးနွေးခဲ့ကြပါသည်။ Live Session တွင် IELTS စာမေးပွဲဖြေဆိုနိုင်သည့် ပုံစံ (၃) မျိုး (Paper-based, Computer-delivered, etc.) အကြောင်း၊ High Achiever တို့၏ လက်တွေ့ဖြေဆိုခဲ့သော အတွေ့အကြုံများနှင့် ကျောင်းသား/သူများ သိလိုသမျှ မေးခွန်း (Q&A) များကို အသေးစိတ် ဖြေကြားပေးခဲ့ကြသည့် အကျိုးရှိသော ဆွေးနွေးပွဲတစ်ခု ဖြစ်ခဲ့ပါသည်။ +4
News Image

01

Jan

“NEW YEAR, NEW LEARNER” English Learning Seminar

IELTS
Milestone of Excellence မှ ၂၀၂၂ ခုနှစ် နှစ်သစ်ကူးအဖွင့် ဇန်နဝါရီလ (၁) ရက်နေ့တွင် ကျောင်းသား/သူများ နှစ်သစ်ကို စိတ်သစ်၊ လူသစ်၊ နည်းလမ်းသစ်များဖြင့် စတင်နိုင်ရန် ရည်ရွယ်၍ “NEW YEAR, NEW LEARNER SEMINAR” ကို Zoom Platform မှတစ်ဆင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤ Seminar တွင် Teacher Moe ကိုယ်တိုင် လေးစားအားကျရသော ဆရာ Dr. Soe Than ကို အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားကာ "Tips on How to Study English Effectively" ခေါင်းစဉ်ဖြင့် အင်္ဂလိပ်စာကို ထိရောက်စွာ လေ့လာနိုင်မည့် နည်းလမ်းကောင်းများကို ဆွေးနွေးမျှဝေခဲ့ကြပါသည်။ ထို့အပြင် နှစ်သစ်လက်ဆောင်မွန်အဖြစ် တက်ရောက်လာသူ (၃၀၀) ဦးအား ဆရာ Dr. Soe Than ရေးသားထားသည့် “အလွယ်ဆုံး English စကားပြောလမ်းညွှန်” စာအုပ်ကို မေတ္တာလက်ဆောင် ပေးခဲ့ပါသည်။ နှစ်သစ်ကို ပညာအလင်းဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ဆရာနှင့် တပည့်များအကြား နွေးထွေးသော သင်ယူမှုဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ခဲ့သည့် အမှတ်တရနေ့ရက်တစ်ခု ဖြစ်ခဲ့ပါသည်။ +4
News Image
8+

29

Dec

“How to Achieve a High Band Score in IELTS” Seminar

IELTS
Milestone of Excellence မှ ဦးစီး၍ IELTS ဖြေဆိုရန် ပြင်ဆင်နေသူများအတွက် “How to Achieve a High Band Score in IELTS” အသိပညာမျှဝေပွဲ (Seminar) ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤဆွေးနွေးပွဲသို့ Scholarship လျှောက်ထားလိုသော ကျောင်းသား/သူများနှင့် လုပ်ငန်းခွင် လိုအပ်ချက်အရ IELTS ဖြေဆိုမည့် နယ်ပယ်ပေါင်းစုံမှ Professionals များ၊ ကျောင်းသား/သူများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။ ပွဲတွင် Milestone of Excellence ၏ Founder Teacher Moe နှင့်အတူ IELTS Skill တစ်ခုချင်းစီအလိုက် High Band Score ရရှိထားသူများက မိမိတို့၏ ဖြေဆိုနည်း ဗျူဟာများနှင့် အတွေ့အကြုံကောင်းများကို အသေးစိတ် ရှင်းလင်းမျှဝေပေးခဲ့ကြရာ၊ တက်ရောက်သူများအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးများစွာ ရရှိစေခဲ့သည့် ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသည်။ +4
News Image
20+

02

Feb

IELTS High Achievers နှင့် Young Learners’ Certificate Awards ဆုပေးပွဲအခမ်းအနား

IELTS
Milestone of Excellence Language Academy နှင့် MOE Junior တို့ ပူးပေါင်းစီစဉ်မှုဖြင့် “IELTS High Achievers Awards, Young Learners’ Certificate Awards ဆုပေးပွဲနှင့် Premium IELTS Classes များ ဖွင့်လှစ်ခြင်း အထိမ်းအမှတ် Scholarship ပေးအပ်ပွဲ” အခမ်းအနားကို ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် Wyndham Grand Hotel ၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် Cambridge English Young Learners Exam (Starter, Movers, Flyers, KET, PET, FCE) ဖြေဆိုအောင်မြင်ခဲ့သူ ကျောင်းသား/သူ (၁၇) ဦးအား Certificate များ အသီးသီး ချီးမြှင့်ခဲ့ရာ Full Shield (၅) ဦး၊ Grade A (၉) ဦး၊ Grade B (၁) ဦးနှင့် Grade C (၁) ဦးစီ ထူးချွန်စွာ ရရှိခဲ့ကြပါသည်။ ထို့နောက် IELTS High Achievers များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ရာ ယခုပွဲတွင် စုစုပေါင်း High Achiever (၄၇) ဦး အား ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်နိုင်ခဲ့ပါသည်။ ဆုရရှိသူများတွင် - IELTS Overall Band 8.5 - (၁) ဦး IELTS Overall Band 8 - (၁၂) ဦး IELTS Overall Band 7.5 - (၁၆) ဦး နှင့် IELTS Overall Band 7 - (၁၈) ဦး တို့ ပါဝင်ကြပါသည်။ Milestone of Excellence အနေဖြင့် ယနေ့အချိန်ထိ IELTS Band 9 (၁) ဦးအပါအဝင် Band 7 နှင့်အထက် High Achievers ပေါင်း (၅၄၉) ဦးကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ အခမ်းအနားအပြီးတွင် Premium IELTS Classes အတန်းသစ်များ ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် တန်ဖိုးငွေကျပ် သိန်း (၂၀၀) ကျော်ရှိ Scholarship များကိုလည်း ပေးအပ်ခဲ့ပါသည်။ ကျောင်းသား/သူများ၊ မိဘများနှင့် ဆရာ/ဆရာမများ၏ ဝိုင်းဝန်းပံ့ပိုးမှုဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သော Milestone of Excellence ၏ ဂုဏ်ယူမှတ်တမ်းဝင် ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသည်။ +4
News Image
19+

13

Jul

MOE Junior: Young Learners Awarding Ceremony (Cambridge Exam)

IELTS
MOE Junior (Milestone of Excellence) မှ သားသားမီးမီးများ၏ ဂုဏ်ယူစရာ အခိုက်အတန့်ဖြစ်သော “Young Learners Awarding Ceremony” ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့တွင် Zealax Hotel ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤအခမ်းအနားတွင် Cambridge English Exams အဆင့်ဆင့်၌ Full Shields နှင့် Grade A ရရှိသည်အထိ ထူးချွန်စွာ ကြိုးစားဖြေဆို အောင်မြင်ခဲ့ကြသော သားသားမီးမီးများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ သားသားမီးမီးတို့၏ အောင်မြင်မှုအတွက် အကောင်းဆုံး လေ့ကျင့်သင်ကြားပေးခဲ့ကြသော ဆရာ/ဆရာမများ၊ မအားလပ်သည့်ကြားမှ တက်ရောက်အားပေးကြသော မိဘအုပ်ထိန်းသူများနှင့် ဧည့်ပရိသတ်အပေါင်းကို MOE Junior မိသားစုမှ အထူးကျေးဇူးတင်ရှိကြောင်းနှင့်အတူ ထပ်တူဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ +3
News Image
19+

13

Jul

IELTS High Achiever Award Ceremony & Scholarship Awarding (Worth 270 Lakhs)

IELTS
Milestone of Excellence Language Academy မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့တွင် “IELTS High Achiever Award Ceremony” နှင့် “Teacher Moe Scholarship for IELTS Online Classes” (ကျပ်သိန်း ၂၇၀ ကျော်တန်ဖိုးရှိ) ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုအခါ အဆိုပါပွဲမှ High Achievers များ၊ Scholarship Winners များနှင့် တက်ရောက်လာသူများ၏ ကြည်နူးဖွယ်ရာ အမှတ်တရပုံရိပ်များကို ပြန်လည်မျှဝေပေးလိုက်ပါသည်။ ဤအခမ်းအနား ဖြစ်မြောက်အောင်မြင်စေရန် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးခဲ့ကြသော ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ၊ မိဘအုပ်ထိန်းသူများနှင့် စေတနာရှင် မိတ်ဆွေများအားလုံးကို Milestone of Excellence မိသားစုမှ အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ +2
News Image
13+

25

Dec

High Achievers Awards Ceremony & Milestoners' Christmas Party 2023

IELTS
Milestone of Excellence Language Academy မှ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် “High Achievers Awards Ceremony” နှင့် “Milestoners' Christmas Party” ကို စည်ကားသိုက်မြိုက်စွာ ပူးတွဲကျင်းပခဲ့ပါသည်။ ၁။ High Achievers ဆုပေးပွဲ ၂၀၂၄ ခုနှစ်တွင် နိုင်ငံရပ်ခြားသို့ သွားရောက်ပညာသင်ကြားကြမည့် High Achievers (၅၁) ဦး ပေါ်ထွက်ခဲ့သဖြင့် ၎င်းတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ (ကျောင်းသား/သူများ အနယ်နယ်အရပ်ရပ်သို့ ရောက်ရှိနေမှုများကြောင့် (၁၃) ဦးသာ ပွဲတက်ရောက်နိုင်ခဲ့သော်လည်း အားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ဖြစ်ခဲ့ပါသည်။) ၂။ Milestoners' Christmas Party တစ်နှစ်တာလုံး အတူလက်တွဲ ကြိုးစားခဲ့ကြသော ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် လက်ရှိတက်ရောက်နေသော ကျောင်းသား/သူများအားလုံးအတွက် Staff Party နှင့် Christmas Party ကိုပါ တစ်ပေါင်းတည်း ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပါသည်။ Achievement Highlights: ဤပွဲကျင်းပချိန်အထိ Milestone of Excellence သည် IELTS Overall Band 7 နှင့်အထက် High Achievers ပေါင်း (၃၇၅) ဦး ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ Skill အလိုက် ထူးချွန်သူများစာရင်းမှာ - Writing Band 7+ : (၁၆၄) ဦး Speaking Band 8+ : (၁၇) ဦး Listening Band 9 : (၆၃) ဦး Reading Band 9 : (၅၅) ဦး ပွဲဖြစ်မြောက်ရေးအတွက် ကူညီပေးကြသော MC ကိုကြံ့၊ Decoration နှင့် Catering တာဝန်ယူပေးသော မနှင်းနှင့် အဖွဲ့သားများ၊ ပါဝင်အားဖြည့်ပေးကြသော Milestone မိသားစုဝင်များအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။ +4
News Image
19+

24

Jun

IELTS & Young Learners Awarding Ceremony နှင့် Scholarship Seminar

IELTS
Milestone of Excellence Language Academy နှင့် MOE Junior တို့ ပူးပေါင်းကျင်းပသော “IELTS & Young Learners Awarding Ceremony + IELTS Tips & Scholarship Information Sharing Seminar” ပွဲကြီးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့တွင် Novotel Yangon Max ၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၁။ ဂုဏ်ပြုဆုချီးမြှင့်ခြင်း (Awarding Session) အခမ်းအနားတွင် Cambridge Exam ကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသော Young Learners သားသားမီးမီးများနှင့် IELTS Band 7 နှင့်အထက် ရရှိခဲ့ကြသော High Achievers များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ယခုပွဲတွင် Overall Band 8.5 ထိ ရရှိခဲ့သော High Achiever - Naing Lin Htet အပါအဝင်၊ Listening နှင့် Reading တို့တွင် Band 9 အထိ ရရှိခဲ့ကြသော ထူးချွန်ကျောင်းသား/သူများစွာ ပေါ်ထွက်ခဲ့ခြင်းသည် ကျောင်းအတွက် ဂုဏ်ယူစရာ မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါသည်။ ၂။ Scholarship Information Sharing Session ပွဲ၏ ဒုတိယပိုင်းအနေဖြင့် ပြည်ပ ပညာသင်ဆု လျှောက်ထားလိုသူများ အတွက် တန်ဖိုးရှိသော အချက်အလက်များကို မျှဝေဆွေးနွေးခဲ့ပါသည်။ အထူးသဖြင့် Teacher Moe ၏ တပည့်ရင်းများဖြစ်ကြသော Scholarship Winner (၃) ဦး၏ အောင်မြင်မှု ခရီးလမ်းများကို Case Study အဖြစ် အောက်ပါအတိုင်း မျှဝေပေးခဲ့ပါသည် - Mg Shine Min Kha (Undergraduate): ရရှိခဲ့သော ဆုများ: Carnegie Mellon - KMITL (CMKL) ၏ 100% Tuition Fee Waiver + Living Expenses (AI & Computer Engineering) နှင့် Child's Dream Full Scholarship (Software Engineering)။ Key Takeaway: GED/IGCSE အမှတ်မရှိသော်လည်း တက္ကသိုလ် ပထမနှစ်/ဒုတိယနှစ် ရမှတ်များနှင့် သက်ဆိုင်ရာ လုပ်ငန်းခွင်အတွေ့အကြုံ (Relevant Work Experience) ရှိပါက AI နှင့် Technology နယ်ပယ်တွင် Scholarship လျှောက်ထားနိုင်သည်။ Ma Eaindray Kyi Phyu (Undergraduate): ရရှိခဲ့သော ဆုများ: Thammasat University (Global Studies & Social Entrepreneurship) ၏ Full Scholarship + Monthly Stipend နှင့် Ritsumeikan APU ၏ 100% Tuition Reduction။ Key Takeaway: Eligibility Criteria တွင် GED တောင်းဆိုထားသော်လည်း မိမိတွင်မရှိပါက လက်မလျှော့ဘဲ Request လုပ်ကာ ကြိုးစားလျှောက်ထားခဲ့ခြင်း၊ Social Work လုပ်ဆောင်ချက် Portfolio ခိုင်မာခြင်းနှင့် Interview ဖြေဆိုမှု ကောင်းမွန်ခြင်းတို့ကြောင့် အောင်မြင်မှု ရရှိခဲ့ခြင်းဖြစ်သည်။ Ma May Kham Eain (Postgraduate): ရရှိခဲ့သော ဆု: University of Illinois at Chicago တွင် Master of Social Work တက်ရောက်ရန် Fulbright Scholarship (Fully Funded + Air Ticket)။ Key Takeaway: Distance Education ဖြင့် ဘွဲ့ရထားသူများလည်း အားငယ်စရာမလိုဘဲ ခိုင်မာသော လုပ်ငန်းခွင်အတွေ့အကြုံ (Strong Work Experience) နှင့် မိမိဖြစ်ချင်သော ရည်မှန်းချက်ကို ပေါ်လွင်အောင် တင်ပြနိုင်ပါက ဂုဏ်သိက္ခာကြီးမားသော Scholarship များကို ရယူနိုင်ပါသည်။ ဆုပေးပွဲအခမ်းအနားသို့ မအားလပ်သည့်ကြားမှ လာရောက်ဂုဏ်ပြုပေးကြသော ဧည့်သည်တော်များ၊ ဆရာ/ဆရာမများနှင့် Scholarship အကြောင်း စိတ်ဝင်တစား မေးမြန်းဆွေးနွေးခဲ့ကြသော ကျောင်းသား/သူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။ +4
News Image
19+

15

Jan

IELTS High Achievers' Award Ceremony & IELTS Tips Sharing Seminar

IELTS
Milestone of Excellence Language Academy မှ ကျောင်းသား/သူများအတွက် နှစ်သစ်လက်ဆောင်မွန် (New Year Present) အဖြစ် “IELTS Tips Sharing Seminar & High Achievers' Award Ceremony” အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် Novotel Yangon Max ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပွဲ၏ ပထမပိုင်းအနေဖြင့် Teacher Moe ကိုယ်တိုင် ကျောင်းသား/သူများ အထူးတောင်းဆိုထားသည့် IELTS Skill ဆိုင်ရာ သင်ခန်းစာများနှင့် Tips များကို သင်ကြားမျှဝေပေးခဲ့ပြီး၊ High Achievers များနှင့်လည်း ကိုယ်တိုင်ကိုယ်ကျ မေးမြန်းဆွေးနွေးခွင့်များ စီစဉ်ပေးခဲ့ပါသည်။ ဒုတိယပိုင်းတွင် ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ IELTS Overall Band Score 7 နှင့်အထက် ရရှိထားသူ High Achievers စုစုပေါင်း (၃၄) ဦး (ပွဲတက်ရောက်သူ ၂၁ ဦးနှင့် မတက်ရောက်နိုင်သူ ၁၃ ဦး) အား ဂုဏ်ပြုဆုတံဆိပ်များ၊ လက်ဆောင်များနှင့် Polo Shirt များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ စုစုပေါင်းဆုရရှိသူများစာရင်းမှာ - Band 8 - (၅) ဦး Band 7.5 - (၁十三) ဦး နှင့် Band 7 - (၁၆) ဦး တို့ ဖြစ်ကြပါသည်။ ထို့အပြင် ကျောင်း၏ သင်ကြားရေးအရည်အသွေးကို မြှင့်တင်သောအားဖြင့် Teacher Moe မှ ဆရာမများအတွက် Cambridge University ၏ CELTA Course (တန်ဖိုးငွေကျပ် ၄၉ သိန်း) ကို Scholarship အဖြစ် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ Milestone of Excellence အနေဖြင့် ဤအချိန်ထိ Band 7 နှင့်အထက် High Achievers ပေါင်း (၂၉၃) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ဂုဏ်ယူစွာ မှတ်တမ်းတင်အပ်ပါသည်။ +4
News Image
19+

09

Jul

IELTS High Achievers Virtual Awards Ceremony & Information Sharing Session

IELTS
Milestone of Excellence Language Academy မှ IELTS High Achievers များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် အသိပညာမျှဝေခြင်း အခမ်းအနား ( Virtual Awards Ceremony & Information Sharing Session ) ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့တွင် Zoom Platform မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုပွဲကို မူလက ကျောင်းတွင်း (Internal Students) များအတွက်သာ ရည်ရွယ်ခဲ့သော်လည်း၊ IELTS ဖြေဆိုရန် ပြင်ဆင်နေသူအားလုံးအတွက် အကျိုးရှိစေရန် ရည်ရွယ်၍ ပြင်ပမှ လေ့လာလိုသူ (External Students) များကိုပါ ပါဝင်တက်ရောက်ခွင့် ပြုခဲ့ပါသည်။ အခမ်းအနားတွင် High Achievers များက ၎င်းတို့၏ စာမေးပွဲဖြေဆိုမှု အတွေ့အကြုံများ (Exam Tips)၊ ကိုယ်တိုင်လေ့လာခဲ့ပုံ (Self-study Methods) များနှင့် အမှတ်ကောင်းရရှိရန် ပြင်ဆင်နည်းများကို အသေးစိတ် မျှဝေဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ထူးချွန်ကျောင်းသား/သူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ Milestone of Excellence အနေဖြင့် Teacher Moe ၏ ဦးဆောင်မှုအောက်တွင် (၁၀) လတာ ကာလအတွင်း IELTS High Achievers ပေါင်း (၈၂) ဦးအထိ မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်အပ်ပါသည်။ +4
News Image
4+

28

Dec

IELTS High Achievers ဆုပေးပွဲအခမ်းအနား

IELTS
Milestone of Excellence Language Academy မှ (၃) လ တာ ကာလအတွင်း IELTS ဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများအတွက် ဂုဏ်ပြုဆုပေးပွဲကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် Breeze Restaurant and Lounge ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုပွဲတွင် High Achiever စုစုပေါင်း (၄၂) ဦး ပေါ်ထွက်ခဲ့ပြီး၊ (၂၅) ဦး တက်ရောက် ဆုယူခဲ့ကြပါသည်။ (၃) လအတွင်း ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများမှာ - Overall Band 8 - (၉) ဦး Overall Band 7.5 - (၁၇) ဦး နှင့် Overall Band 7 - (၁၆) ဦး တို့ ဖြစ်ကြပါသည်။ အခမ်းအနားတွင် Teacher Moe မှ အောင်မြင်မှုအတွက် အဓိကလိုအပ်သော "ဇွဲ" (Tenacity) နှင့် တစိုက်မတ်မတ် ကြိုးစားမှု (Consistency) တို့၏ အရေးပါပုံကို ဂုဏ်ပြုစကား ပြောကြားခဲ့ပါသည်။ ထို့အပြင် Master Chef ပြိုင်ပွဲတွင် Black Jacket ရရှိပါက Level တစ်ခုမြင့်သွားသကဲ့သို့၊ Band 7 နှင့်အထက် ရရှိသူများ၏ ကြိုးစားမှုကို အသိအမှတ်ပြုသောအားဖြင့် "Black & White Polo Shirt" များကို အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ "Milestone Family" ဟူသော စိတ်ဓာတ်ဖြင့် နွေးထွေးပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြသော အမှတ်တရ နေ့ရက်တစ်ခု ဖြစ်ခဲ့ပါသည်။ +4
News Image
19+

27

Nov

IELTS High Achievers Virtual Awarding Ceremony

IELTS
Milestone of Excellence Language Academy မှ IELTS ဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်သည့် “IELTS High Achievers Awarding Ceremony” ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့တွင် Virtual Platform မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုပွဲတွင် စုစုပေါင်း High Achievers (၂၈) ဦး ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်နိုင်ခဲ့ပြီး ရမှတ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် - Overall Band 8 - (၆) ဦး Overall Band 7.5 - (၁၇) ဦး နှင့် Overall Band 7 - (၅) ဦး ဆုရရှိသူ တစ်ဦးချင်းစီအား ဂုဏ်ပြုဆုတံဆိပ်များနှင့်အတူ Alexandre Christie အမှတ်တံဆိပ် နာရီ များကိုပါ လက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ (ပြည်ပသို့ ရောက်ရှိနေသော ကျောင်းသား/သူများထံသို့လည်း ဆုလက်ဆောင်များကို အရောက်ပို့ဆောင် ပေးခဲ့ပါသည်။) ထို့အပြင် ပွဲတက်ရောက်လာသော Internal Students (၁၀) ဦးအတွက်လည်း အတန်းတက်ရောက်ခွင့် (Free Class Pass) ကံစမ်းမဲများကို မဲဖောက်ပေးအပ်ခဲ့ပြီး၊ ကျောင်းသား/သူများ၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြု ဂုဏ်ပြုခဲ့သော ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသည်။ +4
News Image
17+

25

Dec

“Academic Success Seminar” နှင့် IELTS High Achievers ဆုပေးပွဲ

IELTS
Milestone of Excellence မှ ကြီးမှူး၍ “Academic Success Seminar” နှင့် “IELTS High Achievers Award Ceremony” ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်၊ ခရစ်စမတ်နေ့တွင် Novotel Yangon Max ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤအခမ်းအနားတွင် Milestone of Excellence တွင် တက်ရောက်သင်ကြားပြီး (၃) လအတွင်း IELTS Band 7 နှင့်အထက် ရရှိခဲ့ကြသော High Achiever (၂၂) ဦး အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆုပေးပွဲသို့ ဆရာ/ဆရာမများ၊ Scholarship Awardees များ၊ IELTS High Achievers များနှင့် ကျောင်းသား/သူများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။ နေရာထိုင်ခင်း အခက်အခဲအနည်းငယ် ရှိခဲ့သော်လည်း ပွဲပြီးဆုံးသည်အထိ တက်ကြွစွာ ပါဝင်အားဖြည့်ပေးခဲ့ကြသော ကျောင်းသား/သူများနှင့် ဧည့်ပရိသတ်အပေါင်းကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။ +4
News Image

14

Sep

“From Dreams to Destinations” MIS Scholarship & IELTS Webinar

IELTS
Milestone of Excellence Language Academy မှ ထိုင်းနိုင်ငံရှိ နာမည်ကြီး King Mongkut’s University of Technology Thonburi (KMUTT) တွင် ပညာသင်ကြားလိုသူများအတွက် “From Dreams to Destinations: MIS & IELTS Webinar” ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့တွင် Facebook Live မှတစ်ဆင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤအစီအစဉ်တွင် Milestone ၏ High Achiever တစ်ဦးဖြစ်ပြီး IELTS Overall Band 7.5 ရရှိထားသူ၊ လက်ရှိတွင် KMUTT တက္ကသိုလ်၌ Bachelor of Chemical Engineering ဘာသာရပ်ကို Multi-intellectuals Scholarship (MIS) ဖြင့် တက်ရောက်သင်ကြားနေသော မသီတာငြိမ်း မှ Speaker အဖြစ် ပါဝင်ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲအတွင်း အောက်ပါအချက်များကို အဓိကထား မျှဝေခဲ့ကြပါသည် - မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် (CLMV) နိုင်ငံများအတွက် တစ်နှစ်လျှင် (၄) ဦးသာ ရွေးချယ်လေ့ရှိပြီး အပြိုင်အဆိုင်များပြားသော MIS Scholarship လျှောက်ထားရာတွင် သိထားသင့်သည့် အချက်အလက်များ Scholarship ရရှိရန် ပြင်ဆင်ခဲ့ပုံအဆင့်ဆင့်နှင့် လိုအပ်ချက်များ IELTS Band Score မြင့်မားစွာရရှိရန် လေ့လာခဲ့ပုံနှင့် Tips & Tricks များ အင်ဂျင်နီယာနှင့် နည်းပညာဘာသာရပ်များကို စိတ်ဝင်စားပြီး ထိုင်းနိုင်ငံတွင် ပညာတော်သင်သွားရောက်လိုသည့် လူငယ်များအတွက် အဖိုးတန်သော အတွေ့အကြုံများနှင့် လမ်းညွှန်မှုများကို ထိရောက်စွာ ပေးစွမ်းနိုင်ခဲ့သည့် ပွဲတစ်ခု ဖြစ်ခဲ့ပါသည်။ +4
News Image

01

Dec

US သွားရောက်လေ့လာနိုင်မည့် YA-EAP Exchange Program ဆိုင်ရာ အသိပညာမျှဝေပွဲ (Webinar)

IELTS
Milestone of Excellence မှ အသက် (၁၅) နှစ်မှ (၁၇) နှစ်ကြား လူငယ်များအတွက် အမေရိကန်နိုင်ငံသို့ (၁) လဝန်းကျင် အခမဲ့ သွားရောက်လေ့လာခွင့်ရရှိမည့် YA-EAP (Youth Ambassadors East Asia and Pacific) Exchange Program ဆိုင်ရာ အသိပညာမျှဝေပွဲ (Webinar) ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် Speaker အဖြစ် Ma Mya Thet Hmue (Founder of “စိုက်-Site” | MYLP 2024 Alumnus) မှ ပါဝင်ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲအတွင်း YA-EAP Program သည် မြန်မာနိုင်ငံအပြင် အခြားသော အာရှ ပစိဖိတ်ဒေသတွင်း နိုင်ငံများပါဝင်သည့်အတွက် နိုင်ငံတကာ Network ရရှိနိုင်မည့် အခွင့်အလမ်းဖြစ်ပုံများ၊ Civic Education, Leadership နှင့် Community Engagement ဆိုင်ရာ ပြင်ဆင်သင့်သည်များကို အသေးစိတ် မျှဝေပေးခဲ့ပါသည်။ အမေရိကန်နိုင်ငံသို့ သွားရောက်ရန် ရည်မှန်းချက်ရှိသော လူငယ်များအတွက် လိုအပ်သည့် အချက်အလက်များနှင့် လျှောက်လွှာပြင်ဆင်ပုံများကို ထိရောက်စွာ လမ်းညွှန်ပေးနိုင်ခဲ့သော ပွဲတစ်ခု ဖြစ်ခဲ့ပါသည်။ +4
News Image

08

Sep

UK Chevening Scholarship & IELTS Preparation” Webinar

IELTS
Milestone of Excellence မှ ဦးစီး၍ UK နိုင်ငံတွင် Master Degree တက်ရောက်လိုသူများ အတွက် “UK Chevening Scholarship & IELTS Preparation” Webinar ကို Teacher Moe Facebook Page မှတစ်ဆင့် Live လွှင့်ကာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ ပါသည်။ ဤဆွေးနွေးပွဲတွင် ၂၀၂၃ ခုနှစ်အတွက် Teacher Moe ၏ IELTS Scholarship ရရှိခဲ့သူ၊ IELTS Overall Band 7.5 ပိုင်ရှင်နှင့် University College London (UCL) တွင် Master of Arts in Education and International Development တက်ရောက်ခွင့် ရရှိထားသော Chevening Scholar Ms. Ei Phyo မှ အဓိက Speaker အဖြစ် ပါဝင်ဆွေးနွေး မျှဝေခဲ့ပါသည်။ ဆွေးနွေးပွဲအတွင်း UK Government မှ ပေးအပ်သည့် Fully-Funded Chevening Scholarship လျှောက်ထားရာတွင် သိရှိထားသင့်သည့် Tips & Tricks များ၊ Application ပြင်ဆင်ပုံ အဆင့်ဆင့်နှင့် IELTS အတွက် ထိရောက်သော လေ့လာမှုပုံစံများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။ ယူကေနိုင်ငံတွင် ပညာသင်ကြားရန် ရည်ရွယ်ထားသည့် ကျောင်းသား/သူများအတွက် အဖိုးတန်သော အတွေ့အကြုံများနှင့် ပြင်ဆင်မှုလမ်းကြောင်းများ ကို ထိရောက်စွာ လမ်းညွှန်ပေးနိုင်ခဲ့သည့် ပွဲတစ်ခု ဖြစ်ခဲ့ပါသည်။ +3
News Image

22

Jun

Milestone of Excellence ၏ (၆) နှစ်ပြည့် အထိမ်းအမှတ် IELTS Exam Scholarship အစီအစဉ်

IELTS
Milestone of Excellence Language Academy ၏ (၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ပညာရေးအိပ်မက်များကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီရန် ရည်ရွယ်၍ “IELTS Exam Scholarship (Partial Support)” အစီအစဉ်ကို ပြုလုပ်ပေးခဲ့ပါသည်။ Youth Empowerment ကို ဦးတည်သောအားဖြင့် ဤအစီအစဉ်ကို ကျောင်းရှိ ကျောင်းသား/သူများသာမက IELTS စာမေးပွဲ ဖြေဆိုမည့် ပြင်ပမှ မည်သူမဆို (External Candidates) လျှောက်ထားနိုင်ရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ အစီအစဉ်အရ IELTS Exam Registration ပြုလုပ်သော ပထမဆုံး ကျောင်းသား/သူ (၆၀) ဦး အတွက် စာမေးပွဲကြေး တစ်စိတ်တစ်ပိုင်းထောက်ပံ့မှု (Partial Scholarship) အဖြစ် ငွေကျပ် (၂၀,၀၀၀) စီကို ပညာသင်ဆုအဖြစ် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ အနာဂတ်ပညာရေးအတွက် ကြိုးစားနေကြသော လူငယ်များအား Milestone of Excellence ၏ (၆) နှစ်ပြည့် အထိမ်းအမှတ် လက်ဆောင်မွန်အဖြစ် ဂုဏ်ယူစွာ ပံ့ပိုးပေးနိုင်ခဲ့သော အစီအစဉ်တစ်ခု ဖြစ်ခဲ့ပါသည်။ +3
News Image
2+

26

May

British Council IELTS Prize & YSEALI Academic Fellowship Sharing Session

IELTS
Milestone of Excellence Language Academy ၏ ထူးချွန်ကျောင်းသားဟောင်း (Milestoner) တစ်ဦးဖြစ်သူ မောင်အောင်ပြည့်ခန့် ၏ နိုင်ငံတကာအောင်မြင်မှုများကို အသိအမှတ်ပြုဂုဏ်ပြုခြင်းနှင့် အတွေ့အကြုံမျှဝေခြင်း (Information Sharing Session) ကို မေလ (၂၆) ရက်နေ့တွင် Facebook Live မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ မောင်အောင်ပြည့်ခန့် သည် - British Council IELTS Prize 2023 တွင် ဒုတိယဆု (Second Prize) အဖြစ် ဆုကြေးငွေ GBP 2,000 ကို ထူးချွန်စွာ ဆွတ်ခူးရရှိခဲ့သူ ဖြစ်သလို၊ အမေရိကန်အစိုးရမှ ပေးအပ်သော Young Southeast Asian Leaders Initiative (YSEALI) Academic Fellowship ကိုပါ ရရှိထားသူ ဖြစ်ပါသည်။ Sharing Session တွင် ၂၀၂၄ ခုနှစ်အတွက် IELTS Prize ဝင်ရောက်ယှဉ်ပြိုင်လိုသူများနှင့် YSEALI Academic Fellowship လျှောက်ထားလိုသူများအတွက် ပြင်ဆင်ပုံနည်းလမ်းများနှင့် အတွေ့အကြုံကောင်းများကို အသေးစိတ် မျှဝေဆွေးနွေးခဲ့ပါသည်။ Milestone of Excellence အနေဖြင့် British Council ၏ Gold Partnership ကို ပထမဆုံးနှစ်အတွင်း ရရှိခဲ့သော ကျောင်းဖြစ်သည်နှင့်အညီ ကျောင်းသား/သူများ၏ ပညာရေးအိပ်မက်များကို အကောင်းဆုံး ပံ့ပိုးပေးလျက်ရှိပါသည်။ (ထိုအချိန်ထိ IELTS Overall Band 7 နှင့်အထက် High Achievers ပေါင်း ၄၃၄ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။) +4
News Image

25

Feb

"Post Graduate Life in Tokyo" Sharing Session (MEXT Scholarship Winner)

IELTS
Milestone of Excellence ၏ Career Readiness Program အစီအစဉ်တစ်ခုအနေဖြင့် ဂျပန်နိုင်ငံတွင် ပညာသင်ကြားလိုသူများအတွက် "Post Graduate Life in Tokyo Sharing Session" ကို ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် Facebook Live မှတစ်ဆင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤဆွေးနွေးပွဲတွင် Speaker အဖြစ် MEXT Scholarship Winner ဖြစ်သူ Dr. Khin Pyae Sone မှ ပါဝင်ဆွေးနွေးခဲ့ပါသည်။ Dr. Khin Pyae Sone သည် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) မှ ဘွဲ့ရရှိထားပြီး၊ လက်ရှိတွင် ဂျပန်နိုင်ငံ Tokyo Medical and Dental University ၌ MEXT Scholarship ဖြင့် Gerodontology and Oral Rehabilitation ဘာသာရပ်တွင် Ph.D Candidate အဖြစ် ပညာသင်ကြားနေသူ ဖြစ်ပါသည်။ ဆွေးနွေးပွဲအတွင်း MEXT Scholarship Winner တစ်ဦးဖြစ်လာရန် ပြင်ဆင်ခဲ့ပုံများ၊ Application အဆင့်တွင် ကြုံတွေ့ရနိုင်သည့် အခက်အခဲများနှင့် Career ရွေးချယ်မှုဆိုင်ရာ အကြံဉာဏ်များကို အသေးစိတ် မျှဝေခဲ့ပါသည်။ ထို့အပြင် တိုကျိုမြို့ရှိ Post Graduate Life အခြေအနေများ၊ မတူညီသော ယဉ်ကျေးမှုများအကြား နေထိုင်ဖြတ်သန်းပုံများနှင့် Industry Trend များကိုပါ ထည့်သွင်းဆွေးနွေးပေးခဲ့သဖြင့် ဂျပန်နိုင်ငံတွင် ပညာသင်ကြားရန် ရည်မှန်းထားသူများအတွက် များစွာအကျိုးရှိစေမည့် ပွဲတစ်ခု ဖြစ်ခဲ့ပါသည်။ +4
News Image

15

Oct

US Fulbright Scholarship Information Sharing Session (Facebook Live)

IELTS
Milestone of Excellence Language Academy မှ အမေရိကန်နိုင်ငံ၏ နာမည်ကျော် Fulbright Scholarship လျှောက်ထားလိုသူများအတွက် Information Sharing Session ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် Facebook Live မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤအစီအစဉ်တွင် University of Illinois Chicago ၌ Fulbright Scholarship ဖြင့် Master of Social Work တက်ရောက်သင်ကြားနေသော ကျောင်းသူ မမေခမ်းအိမ် မှ Speaker အဖြစ် ပါဝင်၍ သူ၏ အတွေ့အကြုံများကို အသေးစိတ် မျှဝေဆွေးနွေးခဲ့ပါသည်။ Live Session အတွင်း Scholarship လျှောက်ထားရာ၌ မဖြစ်မနေ သိရှိထားသင့်သည့် Eligibility Criteria များ၊ Document Preparation (စာရွက်စာတမ်း ပြင်ဆင်ပုံများ) နှင့် Interview အဆင့်အတွက် ပြင်ဆင်ပုံများကို စနစ်တကျ လမ်းညွှန်ပြသခဲ့ပါသည်။ တက္ကသိုလ်ဘွဲ့ရပြီးနောက် မဟာဘွဲ့ (Master's Degree) ဆက်လက်တက်ရောက်ရန် ပြင်ဆင်နေသူများနှင့် Fully-funded Scholarship အခွင့်အလမ်းများကို ရှာဖွေနေသူများအတွက် အမေရိကန်အိပ်မက်ကို အကောင်အထည်ဖော်ရန် ထိရောက်စွာ လမ်းညွှန်ပေးနိုင်ခဲ့သော ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသည်။ +4
News Image
3+

13

Jul

“Teacher Moe Scholarship for IELTS Online Classes” (Worth over 270 Lakhs)

IELTS
Milestone of Excellence Language Academy မှ ကျောင်းသား/သူများ၏ အင်္ဂလိပ်စာ လေ့လာမှုခရီးစဉ်ကို ထိရောက်စွာ ပံ့ပိုးပေးရန် ရည်ရွယ်၍ ကျပ်သိန်း (၂၇၀) ကျော် တန်ဖိုးရှိသော “Teacher Moe Scholarship for IELTS Online Classes” အစီအစဉ်နှင့် ဂုဏ်ပြုပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့တွင် Zealax Hotel (Yangon) ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤ Scholarship အစီအစဉ်၏ ထူးခြားချက်မှာ Milestone of Excellence ၏ High Achievers (၁၅) ဦး ကိုယ်တိုင်က Scholarship Winners (၁၅) ဦးကို စိစစ်ရွေးချယ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ လျှောက်ထားသူများသည် Upper Intermediate Level နှင့်အထက် ရှိသူများဖြစ်ကြပြီး၊ EF SET Test နှင့် Speaking Test များကို အဆင့်ဆင့် ဖြေဆိုဖြတ်ကျော်ကာ အရည်အချင်းစစ်ဆေးမှုကို ခံယူခဲ့ကြပါသည်။ ရွေးချယ်ခံရသူ (၁၅) ဦးသည် တစ်ဦးလျှင် တန်ဖိုးငွေ (၁၈) သိန်း (၅) သောင်းကျပ် နှင့်ညီမျှသော အောက်ပါ IELTS Online Classes များအားလုံးကို တက်ရောက်ခွင့် ရရှိခဲ့ကြပါသည် - IELTS Foundation Online Class IELTS Speaking / Reading / Essay Writing / Report Writing Class (Single Skills) Intensive IELTS Exam Practice Class IELTS Essential 7 Plus Class အမှန်တကယ် စာမေးပွဲဖြေဆိုမည့်သူများကိုသာ ပံ့ပိုးလိုသည့်အတွက် ၂၀၂၅ ဖေဖော်ဝါရီလမတိုင်မီ British Council တွင် IELTS ဝင်ရောက်ဖြေဆိုပြီးပါက အတန်းအာမခံကြေးများကို ပြန်လည်ထုတ်ယူခွင့်ပြုသည့် စနစ်ဖြင့် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ (Band 8 ရရှိပါက ထပ်ဆောင်းဆုငွေ ၂ သိန်းကျပ် ချီးမြှင့်မည့် အစီအစဉ်လည်း ပါဝင်ပါသည်။) အခမ်းအနားတွင် Scholarship Winner စာရင်းများကို ကြေညာပေးခဲ့သလို၊ Band 7 နှင့်အထက် ရရှိထားသော High Achievers များကလည်း ၎င်းတို့၏ Exam Tips များကို မျှဝေဆွေးနွေးခဲ့ကြသဖြင့် တက်ရောက်သူများအတွက် ဗဟုသုတရစရာ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသည်။ +4
News Image

09

Aug

STEM Scholarship for Women Webinar

IELTS
Milestone of Excellence မှ Science, Technology, Engineering နှင့် Mathematics (STEM) နယ်ပယ်တွင် ပညာသင်ကြားလိုသော အမျိုးသမီးများအတွက် အထူးရည်ရွယ်သည့် “STEM Scholarship for Women” အသိပညာမျှဝေပွဲ (Webinar) ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့တွင် Zoom Platform မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤဆွေးနွေးပွဲတွင် 2022-2023 STEM Scholarship Winner ဖြစ်သူ မခင်မိုးမိုးသူ (MSc Healthcare Management, Edinburgh Napier University) မှ Speaker အဖြစ် ပါဝင်၍ သူ၏ လျှောက်ထားမှု အတွေ့အကြုံများကို ပြန်လည်မျှဝေပေးခဲ့ပါသည်။ Webinar အတွင်း အောက်ပါအချက်များကို အဓိကထား ဆွေးနွေးခဲ့ကြပါသည် - Inclusivity: အမျိုးသမီးများအတွက် သီးသန့်ပေးအပ်သော Scholarship ဖြစ်ပြီး၊ ကလေးရှိသော မိခင်များအတွက်ပါ လျှောက်ထားခွင့်ရှိကာ Dependent Children များအတွက် အပိုထောက်ပံ့ကြေး ရရှိနိုင်ပုံများ Academic Levels: Bachelor ပြီးနောက် Master's တက်ရောက်လိုသူများ၊ Master's ဒုတိယတစ်ခု ထပ်မံယူလိုသူများနှင့် PhD ပြီးဆုံးထားသူများအတွက် Fellowship အခွင့်အရေးများ Requirements: လျှောက်ထားရာတွင် သိရှိထားသင့်သည့် IELTS လိုအပ်ချက်များနှင့် Scholarship Winner ဖြစ်ပါက IELTS Exam Fees ပြန်လည်ရရှိနိုင်မည့် အခွင့်အရေးများ နယ်ပယ်စုံမှ အမျိုးသမီးများအတွက် နိုင်ငံတကာပညာရေး အခွင့်အလမ်းများကို ထိရောက်စွာ လမ်းညွှန်ပေးနိုင်ခဲ့သော တန်ဖိုးရှိသည့် ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသည်။ +4
News Image

18

Mar

Australia Awards Scholarship ဆိုင်ရာ အသိပညာမျှဝေခြင်း (Facebook Live)

IELTS
Milestone of Excellence Language Academy မှ ဩစတြေးလျနိုင်ငံအစိုးရ ပညာသင်ဆု (Australia Awards Scholarship) လျှောက်ထားလိုသူများအတွက် သိရှိထားသင့်သည့် အချက်အလက်များကို စုံလင်စွာ လေ့လာနိုင်ရန် “Australia Awards Scholarship Information Sharing Session” ကို ၂၀၂၃ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့တွင် Facebook Live မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤအစီအစဉ်တွင် Milestone of Excellence ၏ ကျောင်းသားဟောင်း (Alumnus) တစ်ဦးဖြစ်ပြီး၊ The University of Sydney တွင် Master of Civil Engineering တက်ရောက်သင်ကြားနေသော မောင်ဇွဲဗညားမြတ် (Zwe Banyar Myat) ကို ဖိတ်ကြားကာ သူ၏ ကိုယ်တွေ့အတွေ့အကြုံများကို ပြန်လည်မျှဝေစေခဲ့ပါသည်။ Live Session အတွင်း Scholarship လျှောက်ထားရာတွင် လိုအပ်သော ပြင်ဆင်မှုများ၊ Application Process ဆိုင်ရာ အကြံပြုချက်များနှင့် ဩစတြေးလျနိုင်ငံ ပညာရေးအတွေ့အကြုံများကို အသေးစိတ် ဆွေးနွေးပေးခဲ့ပြီး၊ တက်ရောက်သူများ၏ မေးခွန်းများကိုလည်း ထိရောက်စွာ ပြန်လည်ဖြေကြားပေးနိုင်ခဲ့သော အကျိုးရှိသည့် အစီအစဉ်တစ်ခု ဖြစ်ခဲ့ပါသည်။ +4
News Image
19+

20

Jan

မြန်မာနိုင်ငံတစ်ဝန်းရှိ လူငယ်များအတွက် ကျပ်သိန်း (၁၀၀) တန်ဖိုးရှိ IELTS Scholarship ပေးအပ်ခြင်း

IELTS
Milestone of Excellence Language Academy မှ နိုင်ငံတစ်ဝန်းရှိ လူငယ်များ နေရာဒေသမရွေး ပညာသင်ယူခွင့် ရရှိစေရန် ရည်ရွယ်၍ “ကျပ်သိန်း (၁၀၀) တန်ဖိုးရှိ IELTS Scholarship” ပညာသင်ဆုပေးအပ်ခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ Online Zoom Classes များ ခေတ်စားလာချိန်တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်နှင့် ရှမ်း စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ လူငယ်များ မိမိတို့ ဒေသကနေ IELTS ကို လေ့လာနိုင်စေရန် Teacher Moe မှ ဦးစီး၍ စီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။ ဤအစီအစဉ်တွင် အင်္ဂလိပ်စာ အခြေခံ (Intermediate Level) ရှိပြီး အမှန်တကယ် ကြိုးစားလိုစိတ်ရှိသော လူငယ်များကို စိစစ်ရွေးချယ်ခဲ့ရာ၊ အပိုင်း (၄) ပိုင်းခွဲ၍ စုစုပေါင်း Scholarship Winners (၄၁) ဦး ကို အောင်မြင်စွာ ရွေးချယ်ပေးအပ်နိုင်ခဲ့ပါသည်။ ဆုရရှိသူများသည် Placement Test ဖြေဆိုပြီးနောက် မိမိတို့၏ အရည်အချင်းနှင့် ကိုက်ညီသော IELTS အတန်းများကို အခမဲ့ တက်ရောက်သင်ယူခွင့် ရရှိခဲ့ကြပါသည်။ +4
News Image
13+

16

Apr

“Thingyan Full Scholarships for Hardworking Students”

IELTS
Milestone of Excellence Language Academy မှ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလ အထိမ်းအမှတ်အဖြစ် General English နှင့် IELTS အတန်းများအတွက် “Thingyan Full Scholarships” ပညာသင်ဆုပေးအပ်ပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ပြုလုပ်ခဲ့ပါသည်။ ဤအစီအစဉ်၏ ထူးခြားချက်မှာ စာတော်သူများ (Outstanding Students) ထက် အမှန်တကယ် ကြိုးစားချင်စိတ်ရှိသူများ (Hardworking Students) ကို ဦးစားပေး ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ Teacher Moe အနေဖြင့် ကိုယ်တိုင်လည်း အခြေခံမှစ၍ ကြိုးစားခဲ့ရသူဖြစ်သည့်အတွက် ကြိုးစားလိုစိတ်ရှိသူတိုင်းကို ပံ့ပိုးပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤအစီအစဉ်ကို ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။ အစီအစဉ်တွင် IELTS Reading Class အတွက် မူလက (၂) ဦးသာ ရွေးချယ်ရန် လျာထားခဲ့သော်လည်း၊ လျှောက်ထားသူ လူငယ်များ၏ တက်ကြွမှုနှင့် ပညာလိုလားမှုတို့ကြောင့် (၃) ဦးအထိ တိုးမြှင့်ရွေးချယ်ကာ 100% Full Scholarship ပေးအပ်ခဲ့ပါသည်။ ထို့အပြင် General English Class များအတွက်လည်း Scholarship Winners များကို ရွေးချယ်ကာ ဂုဏ်ပြုဆုမွန်ကောင်း တောင်းပေးနိုင်ခဲ့သည့် ပီတိဖြစ်ဖွယ်ရာ အစီအစဉ်တစ်ခု ဖြစ်ခဲ့ပါသည်။ +4
News Image

15

Apr

“Thingyan Scholarships for Outstanding Young Learners” (Young Learners Program)

IELTS
Milestone of Excellence Junior မှ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလအထိမ်းအမှတ်အဖြစ် အင်္ဂလိပ်စာထူးချွန်သော သားသားမီးမီးများအတွက် ကျပ်သိန်း (၃၀) ဝန်းကျင် တန်ဖိုးရှိ “Thingyan Scholarships for Outstanding Young Learners” ပညာသင်ဆုအစီအစဉ်ကို စီစဉ်ကျင်းပခဲ့ပါသည်။ ဤအစီအစဉ်တွင် သားသားမီးမီးများ၏ အင်္ဂလိပ်စာအရည်အသွေးကို Placement Test ဖြင့် စစ်ဆေးကာ အမှတ်အများဆုံးနှင့် အထူးချွန်ဆုံး ကလေးငယ်များကို ရွေးချယ်၍ 100% Scholarship (for 1st Semester) များကို အောက်ပါအတိုင်း ပေးအပ်ချီးမြှင့်ခဲ့ပါသည် - Starters Level: (၃) ဦး Movers Level: (၃) ဦး Flyers Level: (၃) ဦး KET Level: (၂) ဦး နှင့် PET Level: (၂) ဦး ငယ်ရွယ်စဉ်ကတည်းက အင်္ဂလိပ်စာအခြေခံကောင်းမွန်စေရန်နှင့် ပညာရေးကို အားပေးမြှင့်တင်သောအားဖြင့် ထူးချွန်လူငယ်များကို မွေးထုတ်ပေးနိုင်ခဲ့သည့် ဂုဏ်ယူဖွယ်ရာ အစီအစဉ်တစ်ခု ဖြစ်ခဲ့ပါသည်။ +4
News Image

11

Mar

Australia Awards Scholarship ဆိုင်ရာ Information Sharing Session

IELTS
Milestone of Excellence Language Academy မှ ဩစတြေးလျနိုင်ငံအစိုးရ ပညာသင်ဆု (Australia Awards Scholarship) လျှောက်ထားလိုသူများအတွက် Information Sharing Session ကို ၂၀၂၂ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့တွင် Facebook Live မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤဆွေးနွေးပွဲတွင် Teacher Moe နှင့်အတူ Australia Awards Scholarship အောင်မြင်စွာ ရရှိထားကြသော Milestone of Excellence ၏ ဂုဏ်ယူဖွယ်ရာ ကျောင်းသားဟောင်း (Alumni) များဖြစ်ကြသည့် - Zayar Win (Master of Public Policy and Management, Flinders University) Aye Yie Mon (Master of Education, La Trobe University) နှင့် Sophia Htwe (PhD Candidate, University of Melbourne) တို့မှ Guest Speakers များအဖြစ် ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ Scholarship လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များ၊ တက္ကသိုလ်ရွေးချယ်မှုဆိုင်ရာ ဗဟုသုတများနှင့် ကိုယ်တွေ့အတွေ့အကြုံများကို စုံလင်စွာ မျှဝေပေးခဲ့ကြသည့်အတွက် Scholarship လျှောက်ထားမည့်သူများအတွက် အဖိုးတန်သော ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသည်။ +4
News Image
2+

12

Sep

Japan MEXT Scholarship Information Sharing Session

IELTS
Milestone of Excellence မှ ဂျပန်နိုင်ငံအစိုးရ ပညာသင်ဆု (MEXT Scholarship) လျှောက်ထားလိုသော လူငယ်များအတွက် “Scholarships အကြောင်း ပြောကြမယ်” Information Sharing Session ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ပါသည်။ ဤဆွေးနွေးပွဲတွင် MEXT Scholarship ရရှိထားသော Milestone ကျောင်းသားဟောင်း (၂) ဦးမှ ၎င်းတို့၏ ကိုယ်တွေ့အတွေ့အကြုံများကို ပြန်လည်မျှဝေခဲ့ကြပါသည်။ အထူးသဖြင့် Embassy Recommendation လမ်းကြောင်းဖြင့် ရရှိသူတစ်ဦးနှင့် University Recommendation လမ်းကြောင်းဖြင့် ရရှိသူတစ်ဦးတို့က ရှုထောင့်နှစ်ဖက်စလုံးမှ အားသာချက်/အားနည်းချက်များ၊ ပြင်ဆင်ပုံများကို အသေးစိတ် ယှဉ်တွဲဆွေးနွေးပေးခဲ့သဖြင့် MEXT နှင့်ပတ်သက်၍ အလွန်ပြည့်စုံသော ပွဲတစ်ခု ဖြစ်ခဲ့ပါသည်။ မြန်မာလူငယ်များ၏ စွမ်းရည်မြင့်မားရေးကို ရှေးရှု၍ Milestone of Excellence မှ ကျောင်းသား/သူများသာမက ပြင်ပမှ စိတ်ဝင်စားသူများကိုပါ ပါဝင်တက်ရောက် လေ့လာခွင့် ပြုခဲ့ပါသည်။ +4
News Image

25

Oct

New Zealand Scholarship Information Sharing Session

IELTS
Milestone of Excellence Language Academy ၏ ကျောင်းသားဟောင်း (Milestoner) တစ်ဦးဖြစ်ပြီး New Zealand Scholarship Winner ဆုရှင် Dr. Dainty Ei မှ ဦးဆောင်၍ “Information Sharing Session for Internal Students” ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပွဲတွင် Dr. Dainty Ei မှ New Zealand Scholarship လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များ၊ ပြင်ဆင်ပုံအဆင့်ဆင့်နှင့် ကိုယ်တွေ့အတွေ့အကြုံများကို ကျောင်းသား/သူများအား ရင်းနှီးနွေးထွေးစွာ ပြန်လည်မျှဝေပေးခဲ့ပါသည်။ ပြည်ပ ပညာတော်သင် သွားရောက်လိုသော ကျောင်းသားဟောင်းများနှင့် လက်ရှိကျောင်းသားများအတွက် တန်ဖိုးရှိသော လမ်းညွှန်မှုများ ရရှိခဲ့သည့် ပွဲလေးတစ်ပွဲ ဖြစ်ခဲ့ပါသည်။ +2
News Image
5+

07

Jul

“The Road to Scholarships” ပညာသင်ဆု လမ်းညွှန်ဆွေးနွေးပွဲ

IELTS
ပြည်ပ ပညာသင်ဆု လျှောက်ထားလိုသူများ သိရှိထားသင့်သည့် အချက်အလက်များကို မျှဝေပေးရန် ရည်ရွယ်၍ “The Road to Scholarships” ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် Novotel Yangon Max ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် Scholarship လျှောက်ထားရာတွင် မရှိမဖြစ် လိုအပ်သည့် အချက်အလက်များနှင့် ပြင်ဆင်မှုပုံစံများကို အသေးစိတ် လမ်းညွှန်ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ လူငယ်များ မိမိတို့ ရည်မှန်းထားရာ ပညာရေးပန်းတိုင်သို့ လှမ်းကိုင်နိုင်ရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပေးနိုင်ခဲ့သော ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသည်။ +2
News Image

07

Jul

“The Road to Scholarships” ပညာသင်ဆု လမ်းညွှန်ဆွေးနွေးပွဲ

Scholarships & Information Sharing
ပြည်ပ ပညာသင်ဆု လျှောက်ထားလိုသူများ သိရှိထားသင့်သည့် အချက်အလက်များကို မျှဝေပေးရန် ရည်ရွယ်၍ “The Road to Scholarships” ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် Novotel Yangon Max ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် Scholarship လျှောက်ထားရာတွင် မရှိမဖြစ် လိုအပ်သည့် အချက်အလက်များနှင့် ပြင်ဆင်မှုပုံစံများကို အသေးစိတ် လမ်းညွှန်ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ လူငယ်များ မိမိတို့ ရည်မှန်းထားရာ ပညာရေးပန်းတိုင်သို့ လှမ်းကိုင်နိုင်ရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပေးနိုင်ခဲ့သော ပွဲတစ်ပွဲ ဖြစ်ခဲ့ပါသည်။ +2
Quality Courses & Program

Achieve Your English Goals with Milestone of Excellence

Get Started Now